မင်းဘူး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် အခြားနာမကျန်း လူနာများ ၏ အောက်ဆီဂျင်လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိ သူများသည် ယမန် နေ့ညနေ ၃ နာရီအချိန်က မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ရုံးဝန်းအတွင်း ဆောက်လုပ်လျက်ရှိ သော အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ liquid Oxygen Plant ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့် ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဆောက်လုပ်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံမှာ ၃၀ လီတာကျု အမျိုးအစားဖြစ်ပြီး တစ်နာရီ လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၂ လုံးမှ ၁၅ လုံးကြား ထွက်ရှိမည်ဖြစ်ပြီး စက်လည်ပတ်ခြင်းအား ၆ နာရီတစ်ကြိမ် ရပ်နားပေးရကြောင်းလည်းသိရသည်။ ၎င်းအောက်ဆီဂျင် စက်အား တိုင်းဒသကြီး အစိုးရအဖွဲ့ မှ ထောက်ပံ့ပေး၍ ဩဂုတ်လ တတိယပတ်တွင် ရောက်ရှိမည်ဖြစ် ကာ အဆောက်အအုံနှင့် စက်ပစ္စည်း တပ်ဆင်မှုများသည် တစ်လကြာမြင့်မည်ဟု ခန့်မှန်းထားသော ကြောင့် မကြာမီကာလများတွင် စတင်လည် ပတ်နိုင်တော့မည်ဖြစ်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအ သင်း ဘဏ္ဍာငွေရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် မြေနေရာအား ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက စက်ရုံလည်ပတ် ဆောင်ရွက်နေသည့် ကာလတစ်လျှောက် အသုံးပြုခွင့် ပေးသွားမှာဖြစ်ပြီး၊ ထရန်စဖော်မာ အတွက် ကျပ်သိန်း ၃၀၀ အလှူရှင်မှာ မင်းဘူးမြို့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအောင်ဆန်းဝင်း+ဒေါ်မြင့်မြင့်အေးနှင့် ထရန်စဖော်မာ သွယ်တန်း တပ်ဆင်ခြင်းများကို ကိုသန်းဇော် မန်းသီတာက ကျောက်တိုင်လုပ်ငန်းမှ ကျပ်သိန်း ၅၀ လှူဒါန်း၍ တပ်ဆင်ပေးသွားမှာ ဖြစ်ကာ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်မှာ မင်းဘူးမြို့ ရွှေရောင်မြေ မိသားစုတို့က ပစ္စည်းကုန်ကျ ငွေများအတိုင်း လှူဒါန်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
အောက်ဆီဂျင်စက်ရုံ၏ ခန့်မှန်းကုန်ကျငွေ စာရင်းများမှာ မင်းဘူးမြို့အရောက် စက်ပစ္စည်းတန်ဖိုး ကျပ်သိန်း ၉၀၀၊ စက်ရုံ တည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်း ၃၅၀ နှင့် ထရန်စဖော်မာအတွက် ကျပ်သိန်း ၃၀၀ ဖြင့်ခန့်မှန်း ထားသော်လည်း ယခုအခါ အလှူရှင်များ ပေါ်ထွက်လာပြီဖြစ်၍ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် အကယ်၍ အောက်ဆီဂျင် အိုးများ၊ Flow Meter များ၊ ဝန်ထမ်းစရိတ်များနှင့် အခြား အသုံးစရိတ်များ အတွက် ငွေကြေး အခက်အခဲများ ပေါ်လာပါက ဒေသခံများ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ပါက မင်းဘူးမြို့ပေါ်မှ အောက်ဆီဂျင် လိုအပ်သော လူနာများအပြင် အနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက်လိုအပ်သော အောက်ဆီဂျင်များ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်း ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ဇေယျာထက်



No comments:
Post a Comment