ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ ဒလတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်မင်းကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တွံ့တေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနေမှု၊ အောက်ဆီဂျင် စက်ရုံလည်ပတ်မှုနှင့် တွံတေးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်
တာဝန်ရှိသူများသည် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံတွင် သတ်မှတ်ချက်နှင့် အကျုံးဝင်သူများအား
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများ၊ ဒေသခံအလှူရှင်များ၏
လှူဒါန်းငွေများဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖများ၊ ပရဟိတ
အဖွဲ့များက တည်ဆောက်ထားသည် ဆေးရုံအနီးရှိ
အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုတို့ကို ကြည့်ရူစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးကျော်မြင့်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှတို့က
တစ်နေ့လျှင် ၄၀ လီတာအိုး ၈၀ အိုးထွက်ရှိသော အောက်ဆီဂျင်စက်အသစ် တည်ဆောက်
လည်ပတ်နေမှုတို့ကို ရှင်းလင်း တင်ပြသည်။
ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်
ဝန်ကြီးများက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး
ကော်မတီနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များထံသို့ PPE (၁၀၀)ထည်၊
လက်အိတ်(၁၀၀)ခုပါ(၁၀)ဗူး၊ Hand Gel ဗူးသေး(၂၀၀)ဗူး၊ Maskဘူး (၅၀)ခုပါ(၄၀)ဗူး၊
ခေါင်းစွပ်(၁၀၀)ခုပါ(၃)ထုပ်၊ Face Shield (၁၀)ခုပါ (၅)အိတ်နှင့် ၄၀ လီတာဆန့် အောက်ဆီဂျင်
ဆလင်ဒါအိုးအသစ် ၅၀ လုံးတို့အား ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်
တာဝန်ရှိသူများသည် သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီးအား ဖူးမြော်၍
စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများ
ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့ရုံးခန်းတွင် မြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသနှင့်
ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်၊
တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇောတိကျေးရွာရှိ Kyaw Lay Kyaw Co. Ltd ၏
အသားတိုး နွား ၂၈၀ ကောင်၊ ကျွဲ ၃၀၀ ကောင် မွေးမြူထားရှိမှုကို လည်းကောင်း၊ ဆက်လက်၍
တွံ့တေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာအုပ်စုရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ စိုက်ပျိုးမွေးမြူရေး စခန်းသို့ရောက်ရှိရာ စခန်းတာဝန်ခံ ဦးဝင်းမြင့် က
ငါးမွေးမြူရေးကန် ၁၂၂၅ ဧကရှိပြီး တစ်ဧကလျှင် ၂ လက်မအထက် ငါးမြစ်ချင်း
ကောင်ရေ ၃ ထောင်၊ ၇ လက်မအရွယ် ငါးကြင်းကောင်ရေ ၃ ထောင်၊ ဆလားဗီးယား
ကောင်ရေ ၂ သောင်းခွဲနှင့် ချောင်းမြောင်းဧက ၃၅၅ တွင်လည်း ငါးမျိုးစိုက်ထည့်မွေး
မြူထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က
ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး
လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ထူးသစ်ကုမ္ပဏီ၏
ဧက(၃၅၀)အတွင်း ငါး၊ ပုဇွန် မွေးမြူထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား
ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)

No comments:
Post a Comment