Friday, August 13, 2021

ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် သီရိမာလာအရှေ့ အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အောက်ဆီဂျင်များ ဖြည့်တင်းလှူဒါန်း

 မန္တလေး ဩဂုတ် ၁၃

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် သီရိမာလာ အရှေ့အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အောက်ဆီဂျင်များ ဖြည့်တင်းလှူဒါန်းခြင်းကို ယမန်နေ့ညနေ ၄ နာရီက သီရိမာလာအရှေ့ရပ်ကွက်၊ အကွက်(၁၈၁)၊ ၂၃(D)လမ်း နှင့် ၈၇လမ်းထောင့်ရှိ သီရိမာလာ အရှေ့အရန်မီးသတ်စခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောက်စီဂျင်များ လှူဒါန်းရာတွင် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ခံ ဦးသုတအောင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သီရိမာလာအရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး တင်နွယ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အောက်စီဂျင် လိုအပ်လျက်ရှိကြသော ပြည်သူများအား ၁၀လီတာနှင့် ၁၅လီတာဆံ့ အောက်ဆီဂျင်လေအိုး အလုံးပေါင်း(၅၀)ကို အောက်စီဂျင်များ ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး

No comments:

Post a Comment