ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ် ၅ဝ ကတည်းက
ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ တယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာလည်း ဝန်ထမ်းတစ်ဦးအနေနဲ့
တာဝန်ယူခဲ့တယ်။ အခုထိလည်း ပုံစံအမျိုးမျိုးနဲ့ တာဝန်ယူဆဲဖြစ်တယ်။ ဝန်ထမ်းတစ်ဦးဖြစ်တာကိုလည်း
ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ရွေးချယ်စရာက သိပ်မရှိလှဘူး။ ဘွဲ့ရပြီး အစိုးရအလုပ်ကိုဝင်ကြရတာ။
မိဘ လက်ငုတ်လက်ရင်းရှိကြသူတွေက ကိုယ်ပိုင်အလုပ်လုပ်ကြတယ်။ ဒါပေမယ့် ဒါကအနည်းစု။ ခေတ်ကာလကလည်း
စီးပွားရေး လုပ်ငန်းတွေ အားပေးမှုနည်းပါးတာမို့လည်း ဖြစ်တယ်။
မိဘမျိုးရိုး ကလည်း ဝန်ထမ်းတွေဖြစ်ကြတယ်။
အဖေ ဘက်ကရော အမေဘက်ကပါ အစိုးရဝန်ထမ်းတွေဖြစ်ကြ တယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေ နည်းကြတယ်။
ဒါကြောင့် ဝန်ထမ်းစိတ်က သွေးထဲကပါသလိုပါပဲ။ ကျွန်တော် က စီးပွားရေးပညာကို သင်ယူနေသူဖြစ်ပေမယ့်
ကိုယ်တိုင် ကတော့ မလုပ်ဖြစ်ပါဘူး။
တလောက အခွင့်အရေးရလို့ နေပြည်တော် ဝန်ကြီး
ဌာနနှစ်ခုမှာ ဝန်ထမ်းတွေအတွက် ဟောပြောခွင့်ရခဲ့ တယ်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ကိုယ်တိုင် သူ့ရဲ့ဌာနဝန်ထမ်းတွေအတွက် အလုပ်ရုံဆွေးနွေး ပွဲတစ်ခုဆောင်ရွက်ချိန်မှာ ကျွန်တော်နဲ့
ဆရာမ သန်းမြင့် အောင်တို့ နှစ်ဦးကိုဖိတ်ကြားပြီး ဝန်ထမ်းတွေကို ခွန်အားပေး ဖို့၊ ကျွန်တော်ကလည်း
အခုလိုဆောင်ရွက်ခွင့်ရတာကို ကျေးဇူးတင်မိတယ်။ ဝန်ကြီးကိုယ်တိုင် တောင်းဆိုတာမို့ လည်း
လေးစားမိပါတယ်။
တစ်ဆက်တည်းမှာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်ကလည်း
သူ့ရဲ့ဝန်ထမ်းတွေကို ဟော ပြောပေးဖို့ တောင်းဆိုခဲ့တာမို့ တစ်ရက်တည်းမှာ ဝန်ကြီးဌာန
နှစ်ခုမှာ လုပ်ခွင့်ရခဲ့တယ်။
ကျွန်တော်စီးပွားရေးတက္ကသိုလ်မှာ စာသင်နေပေမယ့်
ဝန်ကြီးဌာနတွေမှာ သွားရောက်ပြီး သင်တန်းတွေ၊ ဟော ပြောပွဲတွေ လုပ်ခွင့်ရခဲ့တယ်။ သမဝါယမဝန်ကြီးဌာနနဲ့
ကျန်းမာရေးဝန်ကြီးဌာနတွေမှာ အကြိမ်ကြိမ် လုပ်ပေးခွင့် ရခဲ့တယ်။ တစ်ဖက်ကလည်း ရာထူးကြီးဝန်ထမ်းတွေကို
ဒီအမ်အေသင်တန်းမှာ သင်ခွင့်ရခဲ့တယ်။ ဒီတုန်းက အခု ခေတ်မှာခေတ်စားတဲ့ အမ်ဘီအေသင်တန်းက
မရှိသေးဘူး။ နောက်ပိုင်း ကုလသမဂ္ဂ ဝန်ထမ်းတက္ကသိုလ် မှာ တာဝန်ယူ စဉ် ကုလသမဂ္ဂဝန်ထမ်းတွေကို
သင်ကြားခွင့် ရခဲ့ပြန် တယ်။
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ပြည်သူအများစုရွေးချယ်တဲ့
အစိုးရအာဏာရပြီးချိန်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ လိုက်လျောညီထွေရှိတဲ့
အုပ်ချုပ်ရေးစနစ် ကို ဖော်ထုတ်ဖို့လိုအပ်လာတယ်။ အုပ်ချုပ်ရေးစနစ်ဟာ လွတ်လပ်ရေးရပြီးချိန်ကစပြီး
ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာ ခဲ့တယ်။ ပါလီမန်အစိုးရခေတ်မှာရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ
စစ်မဖြစ်မီကာလက ကျင့်သုံးခဲ့တာကို လက်ဆင့်ကမ်းမှုဖြစ် တယ်။
အုပ်ချုပ်ရေးစနစ်ကို စနစ်တကျ သင်တန်းပေးထားတဲ့
ပြည်သူ့ဝန်ထမ်းတွေကို အတွင်းဝန်စနစ်နဲ့စီမံခဲ့တာ အမြဲတမ်း အတွင်းဝန်တွေဟာ ဝန်ကြီးဌာနတွေကို
စီမံပြီး တိုင်းမင်းကြီး တွေက နယ်တွေကို ဦးစီးခဲ့တယ်။ လွတ်လပ်ရေးရပြီးချိန်မှာ အုပ်ချုပ်စီမံတဲ့လူကြီးတွေဟာ
အင်္ဂလိပ်လက်ထက်က အိုင်စီ အက်စ်တွေဖြစ်ကြတယ်။ ဝန်ထမ်းတွေဟာ နိုင်ငံရေးနဲ့ကင်းရှင်း ရပြီး
နိုင်ငံရေးခေါင်းဆောင်တွေအပေါ် တာဝန်ခံယူပြီး မိမိရဲ့ ပညာ၊ မိမိရဲ့ အတွေ့အကြုံကို အသုံးချပြီး
အကြံပေးကြ တယ်။
အကောင်အထည်ဖော်ကြတယ်။ အုပ်ချုပ်ရေးပညာ၊
အတွေ့အကြုံကို အခြေခံပြီး သိက္ခာ သမာဓိရှိကြတယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မကြည့်ဘဲ
မိမိကျွမ်းကျင်လိမ္မာမှုကို အခြေခံပြီး ပြည်သူ့ဝန်ထမ်းပီသစွာ လှုပ်ရှားခဲ့ကြတယ်။ ပြည်သူတွေအနေနဲ့ကလည်း
ပြည်သူ့ဝန်ထမ်းတွေအပေါ် ယုံကြည်အားကိုးကြတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီအချိန် က အိုင်စီအက်စ်တွေကို
ဗျူရိုကရက်တွေဖြစ်တယ်လို့ ဝေဖန် ကြတယ်။ လွတ်လပ်ရေးရပြီးချိန်မှာ အိုင်စီအက်စ်ကို ဘီစီအက်စ်အဖြစ်
အခြေအနေနဲ့ညီအောင် ပြောင်းလဲခေါ် ကြတယ်။
အတွင်းဝန်စနစ်ကြောင့်လည်း အတွင်းဝန်များရုံး
လို့ သတ်မှတ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဝန်ကြီးများရုံးလို့ ခေါ်ခဲ့တာ။ နိုင်ငံရေးလွှမ်းမိုးမှုကိုမခံတဲ့
ပြည်သူ့ဝန်ထမ်းစနစ် ဟာ အရင်းရှင်နိုင်ငံတွေမှာ ကျင့်သုံးခဲ့တာတွေ့ရတယ်။ ရွေး ကောက်ပွဲကြောင့်
ခေါင်းဆောင်အပြောင်းအလဲဖြစ်ပေမယ့် ဝန်ထမ်းတွေဟာ ပြည်သူတွေအပေါ် သစ္စာခံခဲ့ကြတယ်။ အရပ်သားဝန်ထမ်းတွေမှာ
အခုလို ဖြစ်သလို တပ်မတော် မှာလည်း ဒီအတိုင်းပဲရှိခဲ့တယ်။ နိုင်ငံရေးမှာ ဝင်ရောက်စွက်
ဖက်မှုမရှိဘဲ စစ်ရေးကိစ္စတွေမှာသာ အာရုံပြုခဲ့တယ်။ ဒီအခြေ ခံတွေအားလုံးဟာ ၁၉၆၂ ခုနှစ်
နောက်ပိုင်းမှာ ပြောင်းလဲ ခဲ့တယ်။ အတွင်းဝန်စနစ်ဟာ ဗျူရိုကရက်တစ်စနစ်ဖြစ် တယ်လို့စွပ်စွဲပြီး
ဘီစီအက်စ်တွေကို ဖျက်ခဲ့တယ်။ မြန်မာ့ ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး အုပ်ချုပ်ရေး
စနစ်ကို ပါတီရဲ့သြဇာခံအဖြစ် ပြောင်းခဲ့တယ်။
ဘာသာရပ်ကျွမ်းကျင်လိမ္မာမှုကိုဦးစားမပေးဘဲ
နိုင်ငံရေးအရ ယုံကြည် စိတ်ချရမှုကိုသာ အလေးထားခဲ့တာ။ တစ်ဖက်မှာလည်း အရပ်ဘက်ဌာနတွေမှာ
တပ်မတော်က အငြိမ်းစားယူခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တာဝန်ပေးခဲ့ပြန်တယ်။ ဒီလိုဆောင်ရွက် ချက်ဟာ
နဝတ၊ နအဖ ခေတ်မှာ အရှိန်အဟုန်ပိုမြင့်မားလာ တယ်။ ပြည်သူ့ဝန်ထမ်းတွေ ကို ဖောင်ကြီး သင်တန်းတွေနဲ့
စိတ်ဓာတ်ရေးရာ ပြင်ဆင်ပေးခဲ့တယ်။ နိုင်ငံရေးအာဏာကို သြဇာအပြည့်အဝယုံကြည်တဲ့ ဝန်ထမ်းတွေကို
မွေးထုတ် ခဲ့တယ်။
အမိန့်နဲ့အုပ်ချုပ်တဲ့အုပ်ချုပ်မှုစနစ်ကို
အကောင် အထည်ဖော်ခဲ့တာ။ ဒါကြောင့်လည်း ဝန်ထမ်းများဟာ စွန့်ဦး တီထွင်မှုမရှိတော့ဘဲ အမိန့်နာခံမှုကိုသာ
အာရုံပြုကြတယ်။ ''မလုပ် မရှုပ် မပြုတ်'' ဆိုတဲ့ မသုံးလုံးကိုကျင့်ကြံခဲ့ကြတယ်။ ရလဒ်ကို
အခြေပြုတဲ့ စီမံခန့်ခွဲမှုမရှိတော့ဘဲ အလုပ်လုပ် နေတာကိုသာ အာရုံပြုလာခဲ့ကြတယ်။ အလုပ်များတာကို
ဂုဏ်ယူခဲ့တယ်။ ပင်ပန်းတာကို အသိအမှတ်ပြုတယ်။ အလုပ် မှာအချိန်ကုန်တာကို ကျေနပ်စရာတစ်ခုအဖြစ်
ယူဆလာ ကြတယ်။ ဝန်ထမ်းအဆင့်ဆင့်က ယုံကြည်မှုလျော့နည်းပြီး အနုစိတ်၊ အသေးစိတ်တွေနဲ့ အချိန်ကုန်ခဲ့ကြတယ်။
နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပြည်သူ့ရေးရာ
စီမံအုပ် ချုပ်မှုပုံစံတွေ မလေ့လာဘဲ ကိုယ်လုပ်နေတာပဲ ကောင်းနေ တယ်လို့ လက်ခံခဲ့ကြတယ်။
ပကတိအခြေအနေကို လူကြီး တွေသိအောင် တင်ပြဖို့မစဉ်းစားနိုင်ဘဲ မိမိရာထူးမြဲရေး အတွက်
အာရုံပြုပြီး ဖြစ်သမျှကိုဖုံးဖိခဲ့တယ်။ သကာရည် လောင်းခဲ့ကြတယ်။ လူကြီးတွေခရီးထွက်တဲ့
အချိန်မှာလည်း အဖြစ်မှန်တွေမတင်ပြဘဲ လူကြီးအကြိုက်လုပ်ကြတယ်။ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကိုအခြေခံပြီး
ရာထူးတိုး တာမဟုတ်ဘဲ အဆက်အသွယ်၊ ပေးနိုင်ကမ်းနိုင်နဲ့ သစ္စာရှိ တဲ့ပေတံနဲ့ ဆုံးဖြတ်ခဲ့ကြတယ်။
တစ်ချိန်က ပြည်သူ့ဝန်ထမ်းတွေဟာ အဂတိလိုက်
စားမှုနဲ့ ကင်းကြတယ်။ သိက္ခာရှိတယ်။ လာဘ်ပေးလာဘ်ယူမှုကို လက်မခံဘူး။ နောက်ပိုင်းမှာ ဒီအကျင့်စာရိတ္တတွေပျက်လာပြီး
ပြည်သူ့အကျိုးထက် ကိုယ်ကျိုးကိုသာ ဦးထိပ်ထားကြတယ်။
ဒီဖြစ်ရပ်တွေအားလုံးကို နိုင်ငံဘောဂရှုထောင့်နဲ့
သုံး သပ်လို့ရပါတယ်။ နိုင်ငံရေးစနစ်ဟာ စီးပွားရေးဘဝအပေါ် လွှမ်းမိုးသလို စီးပွားရေးစနစ်ဟာလည်း
နိုင်ငံရေးဘဝအပေါ် သြဇာသက်ရောက်တယ်။ ၂ဝ၁ဝ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထား
ပြောင်းလဲခဲ့တယ်။ ပုဂ္ဂလိကကဏ္ဍက စတင်ပြီး အသက်ဝင်လာတယ်။ ဒီပြောင်းလဲမှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းများရဲ့
အခွင့်အရေးနဲ့ ပုဂ္ဂလိကကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေရဲ့ အနေအထားက သိသိ သာသာ ကွာဟလာတယ်။
ဒါကြောင့်လည်း အစိုးရဝန်ထမ်း တွေ စိတ်ဓာတ်ကျတယ်။ လုပ်ချင်ကိုင်ချင်စိတ်မရှိလှဘူး။
လစာအကြိမ်ကြိမ်တိုးပေးခဲ့ပေမယ့် သိသိသာသာ
ပြောင်းလဲ တာမတွေ့ရပါ ဘူး။ အခုခေတ်မှာတော့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အခြေခံကျကျစဉ်းစားဖို့လိုအပ်တယ်။
ဝန်ထမ်း တစ်ဦးရဲ့ အနာဂတ်ကိုဖော်ထုတ်နိုင်ဖို့ လိုအပ်တယ်။ ကြိုးစား တဲ့သူ၊ အောင်မြင်တဲ့သူကို
အခွင့်အရေးပိုပေးရမှာဖြစ်တယ်။ လုပ်သက်တစ်ခုတည်းနဲ့ ဆုံးဖြတ်နေရင် စိတ်ဓာတ်မြှင့်တင်ဖို့ခက်ခဲမှာဖြစ်တယ်။
လုပ်ရည်ကိုင်ရည်ရှိမှုကိုသာ အာရုံပြု သင့်တာ။ နှစ်စဉ်ရန်ကုန်မြို့မှာ စင်ကာပူနိုင်ငံက
ဝန်ထမ်းတွေကို ကျွန်တော်သင်တန်းပေးခွင့်ရတယ်။ ဒုတိယအတွင်းဝန်တွေ -အသက်က ၂ဝ ပတ်ဝန်းကျင်၊
ခပ်ငယ်ငယ်နဲ့ ရာထူးကြီးကြီး တာဝန်ယူထားကြတာ။ အတွင်းဝန်တွေလည်း အသက် ၄ဝ မပြည့်ကြသေးဘူး။
ဒါကြောင့်လည်း သူတို့မှာ လုပ်အားရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ ၅ဝ ကျော် ၆ဝ နီးမှ
အတွင်းဝန်တို့၊ òန်ချုပ်တို့ဖြစ်ကြတာ။
လူကယ်ပြန်လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စု
ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးတာဝန်ယူတဲ့ ဝန်ကြီးဌာနမှာ ကျွန်တော်က အရင်ဟောပြောခဲ့တယ်။
အထူးသဖြင့်ဝန်ထမ်းတစ်ဦးမှာရှိထားသင့်တဲ့ စိတ်ထားကို ဦးစားပေးပြီးပြောခဲ့ ပါတယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့
ဝန်ထမ်းတိုင်းဟာ မိမိပညာနဲ့ လုပ်စားတဲ့သူတွေဖြစ်စေချင်တယ်။
မိမိတတ်ထား တဲ့ပညာကို စဉ်ဆက်မပြတ်လေ့လာပြီး
ခေတ်မီနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ်။ အထူးသဖြင့် ငါနဲ့မဆိုင်ဘူး။ သူများလုပ်လို့
မစဉ်းစားဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ဖို့လိုအပ်တယ်။ တာဝန်ရှိကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ
တာဝန်သိရမယ်၊ တာဝန်ခံရမယ်၊ တာဝန်ယူရမယ်၊ တာဝန် ကျေရမယ်၊ အထူးသဖြင့် အဂတိ လိုက်စားမှု
ကင်းရှင်းရမယ်။ ဝင်ငွေမလုံလောက်လို့ ဆိုတဲ့ဆင်ခြေဟာ မပြည့်စုံဘူး။ ကျွန်တော်ပြောနေကျအတိုင်း
''မပေးမယူ'' ဆိုတဲ့ စကား နှစ်လုံးကိုစိတ်ဝယ်ထားရင် လုံလောက်ပါတယ်။
ကျွန်တော်ပြောပြီးတဲ့အချိန်မှာ မေးခွန်တွေမေးကြတယ်။
အစုံပါပဲ။ စိတ်ဝင်စားစရာကောင်းလှတယ်။ ကျွန်တော်က တော့ မိမိလေ့လာထားမှုတွေအပေါ် အခြေခံပြီးပြောခဲ့တာ။
ကျွန်တော့်ဟောပြောပွဲအပြီး ပြည်ထောင်စုဝန်ကြီးက
ဂုဏ်ပြု လက်ဆောင်ပေးခဲ့တယ်။ ဆရာမကြီးဒေါ် သန်းမြင့်အောင် ဟောပြောတာကို နားမထောင်နိုင်တော့ဘဲ
ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ထံ သွားခဲ့တယ်။
ဝန်ကြီးနဲ့ကျွန်တော်က အရင်ကတည်းက ရင်း နှီးတာ။
သူ့ရဲ့အိမ်မှာနေ့လယ်စာကို ရှမ်းအစားအသောက်နဲ့
ဧည့်ခံတယ်။ ဝန်ကြီးနဲ့အတူ ဟောပြောမယ့် ခန်းမကိုသွားပြီး ဟောပြော ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့
အနေအထားအရ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းရဲ့ အလားအလာဟာ အလွန်ကောင်း လှတယ်။ သွားစရာ၊ ပြစရာတွေအပြည့်။
ဒါကြောင့်လည်း ဝန်ကြီးဌာနရဲ့တာဝန်က ကြီးတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့်
မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ သူတွေများလာတယ်။ ဒီအခွင့်အရေးကို ရယူဖို့လိုအပ်ပါ တယ်။
ကျွန်တော်က ဝန်ထမ်းတွေကို ခွန်အားပေးခဲ့တယ်။ ဟောပြောပွဲအပြီးမှာ မေးခွန်းတွေမေးခဲ့တယ်။
ဝန်ကြီးဌာန တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဖြစ်တယ်။
နိုင်ငံတော်အစိုးရအသစ်မှာ လုပ်စရာတွေအများကြီး။
များလွန်းတာမို့ ဦးစားပေးမှုဟာ အရေးပါ ပါတယ်။ ကျွန်တော် ကတော့ ပြည်သူ့ဝန်ထမ်းတွေ နဲ့ပတ်သက်ပြီး
ပြုပြင်ပြောင်းလဲ မှုဟာ အရေးပါလှတယ်လို့ ယုံကြည်မိပါတယ်။ ဝန်ထမ်းတွေ ကို ကိုယ်လိုချင်တဲ့
ပုံစံရအောင် သွင်းနိုင်မယ်လို့လည်း လက်ခံ တယ်။ အရေးကြီးတာက ဦးဆောင်မှုဖြစ်တယ်။ နမူနာ
ပြနိုင်ဖို့ လိုတယ်။ လူကြီးတွေ က အခုလို ဦးဆောင်နိုင်ရင် လူငယ်တွေ ကိုယ့်နောက် ပါလာမှာ
သေချာလှပါတယ်။
No comments:
Post a Comment