Monday, October 31, 2016

ဒုံဝန်းဘူတာအနီး ရထားလမ်းကူးပေါ်တွင် သဲတင်ကားနှင့် ရထား တိုက်မိ



သထုံ  အောက်တိုဘာ  ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်းကျေးရွာနှင့် ကမာစိုင်ကျေးရွာအကြား ရထားလမ်းကူးပေါ်တွင် အောက်တိုဘာ ၃၀ရက်၊ မွန်းလွဲ ၁နာရီ ၃၀ မိနစ် အချိန်ခန့်က ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်​​လာသော အမှတ်(၈၉) အဆန် လူစီးရထားသည် ဒုံဝန်းကျေးရွာမှ သဲတင်​​ဆောင်မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးမှ ရထားလမ်းအားဖြတ်​​ကူးစဉ် တိုက်မိ ခဲ့ကြောင်း သိရသည်၊၊



ဖြစ်စဉ်မှာ ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် (DF-1336) အမှတ်(၈၉) အဆန် လူစီးရထားသည် မိုင်တိုင်အမှတ်(၁၂၁/၁)နှင့် (၁၂၁/၂)ကြား အရောက်တွင် ယာဉ်မောင်း ကိုကျော်ဇင်ဝင်း (၂၃)နှစ်၊ ပိန္နဲတောကျေးရွာအောက်ပိုင်း နေသူ မောင်းနှင်လာသည့် ဒုံဝန်းကျေးရွာမှ သဲများတင်ဆောင်လာသော ယာဉ်အမှတ် 4G/4140 Mazada အမျိုးအစား အဝါရောင် ၆ ဘီးယာဉ်မှ ရထားလမ်းကို ဖြတ်ကျော်စဉ် ရထား၏ညာဘက်ခြမ်း စက်ခေါင်းနှင့် မော်တော်ယာဉ်ရှေ့ပိုင်းတို့ တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားနှင့်မော်တော်ယာဉ် တိုက်မှုကြောင့် မော်​​တော်ယာဉ်မှာ ရထားလမ်းအနောက်ဘက်သို့ ထိုးကျသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်းနှင့် ရထားစီးခရီးသည်များ ဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့်အတွက် ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ကိုကျော်ဇင်ဝင်းအား သိမ်ဆိပ်နယ်​​မြေရဲစခန်းမှ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment