Friday, October 28, 2016

လွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ် ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၄  / ၂၀၁၆)
၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်  ၁၁  ရက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇  ရက်)
လွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ် ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာ လိုက်သည် -

(က)
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်
၁၃၇၈ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက် (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)
(ခ)
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်
၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်)
(ဂ)
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်း နိုင်သည့်နောက်ဆုံးနေ့ရက်
၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)
(ဃ)
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်
၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် မှ နတ်တော်လပြည့်ကျော် ၄ ရက် အထိ (၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှ ၁၈ ရက် အထိ)
ဥက္ကဋ္ဌ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

No comments:

Post a Comment