Friday, October 28, 2016

မြစ်သားမြို့ မြစိမ်းရောင်စီမံကိန်းကျေးရွာများ ကွင်းဆင်းစစ်ဆေး


မြစ်သား အောက်တိုဘာ ၂၈ ရက်
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုန်းရွာကျေးရွာအုပ်စု၊ သျှင်ငယ်ပြေးကျေးရွာတွင် ၂၀၁၆-၂၀၁၇ ဘာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံကိန်း လုပ်ငန်းများ အောင်မြင်ရေး၊ ငွေစာရင်းဆိုင်ရာများ စနစ်တကျ ရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း စာရင်းဇယားများ၊ လုပ်ငန်း အကောင်အထည်ဖော်မှုများကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြစိမ်းရောင် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်သူ (၆၂) ဦး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်သူ (၆၅) ဦးနှင့် ကုန်ထုတ်လုပ်ငန်းများ၊ အရောင်းအ၀ယ် လုပ်ငန်းများ ဆောင်ရွက်သူ (၄) ဦးတို့စာရင်းစစ်ဆေးမည့် ပုံစံများ၊ စာရင်းဇယားများ ဖြည့်သွင်းထားရှိမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမြတ်နှင့် အဖွဲ့ဝင်များက ပေါင်းစပ်ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး လုပ်ငန်း အကောင်အထည်ဖော်မှုများကို ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment