Monday, July 4, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
ကြေညာချက်အမှတ် (၃/၂၀၁၆)
၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကို နေပြည်တော်၌ ၁၃၇၈ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ ၁၃၃၀ နာရီ အချိန်တွင် စတင်ကျင်းပ ရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ) မန်းဝင်းခိုင်သန်း
နာယက

No comments:

Post a Comment