Monday, July 4, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်သူ့လွှတ်တော်
ကြေညာချက်အမှတ် (၂/၂၀၁၆)
၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ များ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၈ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
ပုံ (၀င်းမြင့်)
ဥက္ကဋ္ဌ

No comments:

Post a Comment