Monday, July 4, 2016

နေပြည်တော် အမျိုးသား လွှတ်တော်ရုံးသို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ သတင်းပို့ကြရန်



နေပြည်တော် ဇူလိုင် ၃
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ တနင်္လာနေ့ နံနက် ၁၀း၀၀ နာရီ အချိန်တွင် စတင် ကျင်းပရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ထိုအစည်းအဝေး အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေး ဖိတ်စာ လက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ရေးရာဆောင် I-19 (အိုင်- ၁၉)သို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်ထက် မစော (၂၄)ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြား ယူဆောင် လာကြရန် ပန်ကြားထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment