Monday, July 4, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားလွှတ်တော်
ကြေညာချက်အမှတ် (၂/၂၀၁၆)
၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်အဝေးကို နေပြည်တော်၌  ၁၃၇၈ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) တနင်္လာနေ့၊ နံနက် ၁၀း၀၀ နာရီ အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။
(ပုံ) မန်းဝင်းခိုင်သန်း
ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်

No comments:

Post a Comment