Wednesday, July 27, 2016

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများအား ခွင့်ပြုပေးမှုအခြေအနေ

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး နောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက် ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိ အမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေး လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၁-၇-၂၀၁၆) ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်း အဝေးတွင် (၂၀-၆-၂၀၁၆) ရက်နေ့မှ (၈-၇-၂၀၁၆) ရက်နေ့အထိ လုပ်ငန်းအသိ အမှတ်ပြု လက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ (၅)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် (၄)ဦး၊ မဂ္ဂဇင်း (၇)ဦး၊ အထွေထွေ (၁၀)ဦး၊ ပေါင်း (၂၁)ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူ (၂)ဦးတို့အား ခွင့်ပြုပေးခဲ့ပါသည်။ စိစစ်ဆဲ မဂ္ဂဇင်းအသစ် လျှောက်ထား သူ (၁)ဦးအား ပြန်လည် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့မှ စ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း (၁၃၅၀)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း (၁၈၄၈)ဦးနှင့် သတင်း အေဂျင်စီလုပ်ငန်း (၄၂)ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း(၃၂၄၀)  ဦးအား  အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြု ပေးခဲ့ပါသည်။     
ပုံနှိပ်သက်တမ်းတိုး လျှောက်ထားသူ (၁)ဦး နှင့် ဂျာနယ်လျှောက်ထားလာသူ (၁)ဦး တို့အား အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment