ရန်ကုန် ဇူလိုင် ၁
ကချင်ပြည်နယ် မိုင်ဂျာယန်တွင်ပြုလုပ်မည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သည့် ညီလာခံမတိုင်မီ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ (NCA)စာချုပ် လက်မှတ်ရေးထိုး ထားခြင်း မရှိသေးသည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံ
သွားမည်
ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ
နှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့
(Delegation for Political Negotiation – DPN) တို့တွေ့ဆုံသည့် အစည်းအဝေးမှ သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ
အကြိုပြင်ဆင်ရေးကော်မတီနှင့် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး
ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင်
(NCA)လက်မှတ်ထိုး မထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ရေးအတွက်
ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန
(NRPC) ရန်ကုန်ရုံးခွဲ တွင်တွေ့ဆုံဆွေးနွေးကြသည်။
ဆွေးနွေးပွဲမစတင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် နိုင်ငံရေးဆိုင်ရာ
ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်တို့ အဖွင့်အမှာစကားပြောကြားသည်။
ဒေါက်တာတင်မျိုးဝင်းက ရှေ့ဆက်လုပ်ဆောင်သွားမည့်
ငြိမ်းချမ်းရေးဖြစ်စဉ်သည် တိုင်းပြည်နှင့် လူမျိုးအတွက် များစွာအကျိုးရှိမည့်အလုပ်တစ်ခုဖြစ်ကြောင်း
ငြိမ်းချမ်းရေးဖြစ်စဉ်သည် တစ်ဦးတစ်ယောက်တည်းကိစ္စမဟုတ်ဘဲ အများနှင့်သက်ဆိုင်သော
ဘုံရည်မှန်းချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များနှင့်
တွေ့ဆုံမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
အဖွဲ့လိုက် ခေါင်းဆောင်တစ်ဦးတစ်ယောက်ချင်းစီအလိုက် စိတ်ဝင်တစားမေးမြန်းကြောင်း၊
ငြိမ်းချမ်းရေးရရှိပြီး ဖယ်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ်ပေါ်လာရေးအတွက် တိုင်းရင်းသားများနှင့်
အစိုးရအကြား လိုလားချက်၊ လိုအပ်ချက်နှင့် အခြားကိစ္စရပ်များအား အစိုးရအနေဖြင့်
ရယူဖို့ထက် ပေးဆပ်မှုများဖြင့် ညှိနှိုင်းသွားမည်ဖြစ်ပြီး ယနေ့တွေ့ဆုံဆွေးနွေးမှုများသည်
ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးပါကြောင်း၊ ယခုကဲ့သို့ ညီရင်းအကိုပမာ
တွေ့ဆုံဆွေးနွေးမှုများမှ ပြဿနာကိုအကောင်းဆုံးအဖြေရှာလျှင် ငြိမ်းချမ်းရေးသည်မဝေးတော့ပါကြောင်း
ပြောကြားသည်။
ခူးဦးရယ်က မိမိတို့အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်သည့်
အကြောင်းအရာများနှင့် သိလိုသည်များကို စာဖြင့်တင်သွင်းမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း၊
မိမိတို့ တိုင်းရင်းသားအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရရှိရေးနှင့် ဖယ်ဒရယ်ပြည်ထောငိစု
တည်ဆောက်ရေးသည် အဓိကအခြေခံအချက်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုအတူတကွပိုင်ဆိုင်ခဲ့ကြပြီး
အတူတကွတည်ဆောက်ခဲ့ကြကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးရရှိရေး တပ်မတော်နှင့်
ပူးပေါင်းပါဝင်တည်ဆောက်သွားရန် မိမိတို့နားလည် ထားကြောင်း၊ NCA လက်မှတ်မထိုးရသေးသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ယခုသွားနေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို
လက်ခံထားသည့်အတွက် အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးရရှိရန်နှင့် ဖယ်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ်
ပေါ်ပေါက်လာစေရေး တစ်ဖက်နှင့်တစ်ဖက် စေတနာထားကာ ညီရင်းအကိုပမာ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်အစိုးရ၏
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အကြို ပြင်ဆင်ရေးကော်မတီအတွင်းရေးမှူး
ဦးလှမောင်ရွှေနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ အဖွဲ့
(DPN) အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့က ပြည်တွင်းနှင့်ပြည်ပအခြေစိုက် သတင်း မီဒီယာများ၏
မေးမြန်း ချက်များကို ဖြေကြားခဲ့သည်။
ဦးလှမောင်ရွှေက " UNFC ဥက္ကဌနဲ့တွေ့ဆုံဖို့
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုတယ်။ ရက် ကတော့ နှစ်ဘက်ခေါင်းဆောင်တွေ အဆင်ပြေမယ့်ရက်ကို
ညှိနှိုင်းဖို့ပဲလိုပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ လလယ် ပိုင်းမှာတွေ့ဖို့မူအားဖြင့်တော့
သဘောတူပါတယ်။ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့မယ်ဆိုတာကို နှစ်ဘက် လုံးက သဘောတူပါတယ်။ ရန်ကုန်မှာတွေ့ဖို့လည်း
နှစ်ဘက်ခေါင်းဆောင်တွေက မူအားဖြင့်သဘော တူပါတယ်”ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမစတင်မီ ကချင်ပြည်နယ် မိုင်ဂျာယန်တွင်
တိုင်းရင်းသားညီလာခံတစ်ခုပြုလုပ်လိုပြီး အစိုးရအနေဖြင့် တရားဝင်ညွှန်ကြားချက် ထုတ်ပေးရန်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီအနေဖြင့်
သဘောတူညီခဲ့ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။
ခူဦးရယ်က "ကျနော်တို့ မကြာခင်တုန်းက
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
လာရောက်တုန်းက ကျနော်တို့ UNFC က ခေါင်းဆောင်တွေရဲ့ မေတ္တာရပ် ခံချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့
ကျနော်တို့ဘက်ကခေါင်းဆောင်တွေ တွေ့ဆုံနိုင်မယ့် ကိစ္စရပ်တွေ လည်း ပါဝင်ပါတယ်။ ဒါကြောင့်
ဒီခရီးစဉ်မှာလည်းဘဲ ကျနော်တို့ဘက်ကခေါင်းဆောင်တွေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့
ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးနိုင်ဘို့အတွက်လည်း လာရောက် ညှိနှိုင်းတဲ့ အထဲမှာ ကိစ္စရပ်တစ်ခုအနေနဲ့ပါပါတယ်။
နောက်ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံ
ကျင်းပမယ့်ဆိုရင် ကျွန်တော်တို့ဘက်က ဘယ်လို ပူပေါင်းပါဝင်နိုင်မလဲဆိုတဲ့ အခြေခံ ကိစ္စရပ်တွေကို
ကျွန်တော်တို့ဘက်က တိတိကျကျ ပြင်ဆင်နိုင်ဖို့အတွက် တိုင်းရင်းသားညီလာခံလုပ်ဖို့ကိစ္စကို
အကြမ်းဖျင်းစဉ်စားကြတာဖြစ်ပါတယ်။ ဒီညီလာခံကျင်းပ
နိုင်ဖို့အတွက်လည်း အစိုးရကိုမေတ္တာရပ်ခံပြီး တရားဝင်ခွင်ပြုချက်ရယူမှာ ဖြစ်ပါတယ်" ဟုပြောသည်။
ယနေ့ဆွေးနွေးသည့် ဆွေးမှုများနှင့်ပတ်သက်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါ်ဒွဲဘူက"
အားလုံးပါဝင်ရေးမူကို တိုင်းရင်းသားတွေဘက်က တိတိ ကျကျ ပြန်ရှင်းပေးစေချင်တယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ
မူဘောင်တွေကို သူတို့က ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် ပြန်လည်သုံးသပ်ချင်တယ်။ ဒါမှ
၂၁ ရာစု ပင်လုံမှာ အားလုံးပါဝင်ပြီး အတူတူ ဆွေးနွေးနိုင်ဖို့၊ တရားဝင်ဖြစ်နိုင်ဖို့ကိုမေးမြန်းတယ်။
နောက် ၂၁ ရာစုပင်လုံဆိုတဲ့ သဘောသဘာဝနဲ့ ရည်ရွယ်ချက်ကို
သူတို့သိချင်တယ်။ သူတို့ခွင့်တောင်းတာက ၂၁ ရာစုပင်လုံ ညီလာခံမလုပ်ခင် မိုင်ဂျာယန်မှာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တွေ့ဆုံပြီး တိုင်းရင်းသား ညီလာခံလုပ်မယ်။
မတွေ့ခင် တိုင်ရင်းသားခေါင်းဆောင်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့ရက်ညှိတယ်။
လက်မှတ်ထိုးတဲ့သူနဲ့ မထိုးတဲ့သူ တွေတွေ့ဆုံရေး အဆင်မပြေစရာမရှိဘူး" ဟုဖြေကြားသည်။
ယနေ့ ပြုလုပ်သည့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁)ရာစုပင်လုံ အကြိုပြင်ဆင် ရေးကော်မတီမှ ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊
ဦးနိုင်ငံလင်း၊ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့တက်ရောက်ပြီး
UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့
(Delegation for Political Negotiation–DPN)မှ ခူးဦးရယ်၊ ဦးစိုင်းထူး (SSPP)၊ ဒေါက်တာနိုင်ရွှေသိန်း(NMSP)၊
ဦးဆော်လမွန် (LDU)၊ ဦးမင်းထွန်း(ANC)၊ တာ့ညီလူ ( WNO )၊ နိုင်ဗညားမွန်နှင့် ဦးဆန်အောင်တို့
တက်ရောက်ဆွေးနွေးသည်။
သတင်းရဲခေါင်ညွန့်၊ ဓါတ်ပုံ ဖိုးထောင်

No comments:
Post a Comment