မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖွဲ့စည်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၆
၁၃၇၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက်
(၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖွဲ့စည်းခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်
စပ်လျဉ်း ၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို
အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(၁) ဦးကျော်ဝင်း
ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
(၂) ဒေါက်တာသန်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(၃) ဦးထွန်းထွန်းဦး
ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(၄) ဦးခင်မောင်ရီ
အမြဲတမ်းအတွင်းဝန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန
အဖွဲ့ဝင်
(၅) ဦးတိုးအောင်မြင့်
အမြဲတမ်းအတွင်းဝန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၆) ဦးထွန်းထွန်းနိုင်
အမြဲတမ်းအတွင်းဝန်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၇) ဦးဌေးချွန်
ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
အဖွဲ့ဝင်
(၈) ဦးကျော်
ညွှန်ကြားရေးမှူး(ငြိမ်း)
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်
(၉) ဦးအေးလွင်
တွဲဖက်အထွေထွေအတွင်းရေးမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
(၁၀) ဦးအောင်နိုင်ဦး
ညွှန်ကြားရေးမှူးချုပ်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
အတွင်းရေးမှူး
(၁၁) ဒေါ်မြသူဇာ
ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
တွဲဖက်အတွင်းရေးမှူး
အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
စာအမှတ်၊ ၄၉၇/၁၆၅-အဖရ (ရင်းနှီးမြှုပ်နှံ)/(၂၀၁၆)
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက်
REF: Myanmar President Office
No comments:
Post a Comment