Wednesday, June 8, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ


နေပြည်တော်  ဇွန် ၈ 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စင်ကာပူ သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့နှင့် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်   နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်နေမှု၊   နှစ်နိုင်ငံ လွှတ်တော်အချင်းချင်းနှင့်‌ ဥပဒေရေးရာကိစ္စ များတွင်   ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment