Wednesday, June 8, 2016

နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်နှင့် စင်ကာပူဝန်ကြီးချုပ်၏ဇနီး မစ္စစ် ဟိုချင်းတို့ ရင်းရင်းနှီးနှီး တွေ့ဆုံ


နေပြည်တော် ဇွန် ၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ၏ဇနီး ဒေါ်စုစုလွင်နှင့် စင်ကာပူ သမ္မတ နိုင်ငံ ၀န်ကြီးချုပ်၏ ဇနီး မစ္စစ် ဟိုချင်း တို့သည် ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ တွေ့ဆုံ ခဲ့ကြသည်။


ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ၏ ဇနီးနှင့် စင်ကာပူဝန်ကြီးချုပ်၏ ဇနီးတို့သည် ရင်းနှီးခင်မင်စွာ နှုတ်ဆက်ကြပြီး နိုင်ငံတော် သမ္မတ၏ ဇနီးက လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ 

No comments:

Post a Comment