မြင့်ကျော်
(ဇလွန်)
ကမ္ဘာပေါ်တွင်
နိုင်ငံများ၏ နယ်နိမိတ်အပိုင်းအခြားများကို သတ်မှတ်ပြီး မိမိနိုင်ငံ၏ လုံခြုံရေး အပါအဝင်
နိုင်ငံ၏မူဝါဒများ၊ ကူးလူးဆက်ဆံမှုများနှင့် ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများ အစရှိ သည်
တို့ကို ကာကွယ် ထိန်းသိမ်း လျက်ရှိကြသည်။
နိုင်ငံတစ်နိုင်ငံနှင့်
တစ်နိုင်ငံ ထိစပ်နေသော နယ်နိမိတ်များတွင် အချုပ် အခြာ အာဏာလွတ်ကင်းမှု၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းများနှင့်
ဒုစရိုက်မှု များ ပေါများ တတ်သည်ကို ခေတ်အဆက်ဆက် လေ့လာတွေ့ ရှိနိုင်သည်။ နိုင်ငံများတွင်
နယ်နိမိတ်ကို စည်းရိုးကာရံခြင်းမှာ စည်းရိုးများသည် အဆိုပါ အားနည်းချက်များကို ဖြေရှင်းလိုကြ၍
ဖြစ်သည်။
အရေးကြီးသော
လုပ်ငန်းစဉ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ်ချင်း
ထိစပ်နေကြသော နိုင်ငံများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စစ်ရေး၊ နယ်နိမိတ်ပိုင်ဆိုင်မှုပြဿနာ
အစရှိသည့် အရေးပေါင်းများစွာ ပတ်သက် ဆက်နွယ်မှု ရှိနေသဖြင့် နယ်နိမိတ် စည်းရိုး သတ်မှတ်မှုသည်
နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးသော လုပ်ငန်း စဉ်ဖြစ်ကြောင်း ကမ္ဘာ့ နိုင်ငံအများစုက
လက်ခံယုံကြည်ထားကြသည်။
ကမ္ဘာပေါ်တွင်
မိမိနိုင်ငံ၏ နယ်နိမိတ်အပိုင်းအခြားများကို လုံခြုံစိတ်ချမှု ရှိစေရေးအတွက် နယ် နိမိတ်ခြံစည်းရိုးများခတ်ခြင်း
နိုင်ငံသူ/နိုင်ငံသားများ၏ စိတ်ခံစားမှုကို လုံခြုံမှုပေးနိုင် ရန် ဆောင်ရွက် ခဲ့ကြသော
နိုင်ငံများစွာရှိသည်။ ထိုသို့ နိုင်ငံ၏ နယ်နိမိတ်ကို စည်းရိုးများ ကာရံခြင်းကြောင့်
ကုန်ကျ ရသည့်စရိတ် တန်ဘိုးများထက် မိမိနိုင်ငံသားများ၏ လုံခြုံရေးနှင့် နိုင်ငံ၏ အချုပ်အခြာ
အာဏာအပေါ် ယုံကြည်မှုကို ဦးစားပေးကြသော နိုင်ငံများစွာ ရှိနေကြောင်း လေ့လာ တွေ့ရှိ ရသည်။
နိုင်ငံပေါင်း
၇၂ နိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင်
နိုင်ငံနယ်နိမိတ်များကို ခြံစည်းရိုးများကာရံပြီး မိမိတို့ နိုင်ငံများ၏ လုံခြုံရေးနှင့်
ကာကွယ်ရေး ကိစ္စများ ကို ဖြေရှင်းဆောင်ရွက်နေကြသော နိုင်ငံများစွာ ရှိသည်။ ယင်းသို့
မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံနယ်နိမိတ် ခြံစည်းရိုး ကာရံ ဆောင်ရွက်မှုများမှာ
အာရှတိုက်တွင် (၂၃) နိုင်ငံ၊ အာဖရိကတိုက်တွင် (၁၃)နိုင်ငံ၊ ဥရောပတိုက်တွင် (၁၇)နိုင်ငံ၊
တောင်အမေရိကတိုက်တွင် (၁၂)နိုင်ငံနှင့် မြောက် အမေရိကတိုက်တွင် (၇) နိုင်ငံ စုစုပေါင်း
(၇၂) နိုင်ငံရှိကြောင်းကို The Economist မဂ္ဂဇင်းကြီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင်
စုစည်းဖော်ပြခဲ့သည်။
အဆိုပါ
သတင်းအချက်အလက်အဖွဲ့၏ ဖော်ပြမှုတွင် ကမ္ဘာပေါ်ရှိ နယ်နိမိတ်ခြံစည်းရိုးများ ကာရံကြသော
နိုင်ငံများတွင် စတင် အခြေတည် ဖြစ်ပေါ်သည့် နိုင်ငံများကို လည်း ဖော်ပြ ထားသည်။ ထိုသို့
စတင်အခြေ တည်ဖြစ်ပေါ်သော နိုင်ငံများမှာ စုစုပေါင်း (၃၄)နိုင်ငံအထိ ရှိသည်။
နယ်နိမိတ်
ခြံစည်းရိုး အများဆုံးကာရံသောနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင်
နယ်နိမိတ် ခြံစည်းရိုးအများဆုံး ကာရံနေသော နိုင်ငံမှာ ဘရာဇီးလ်နိုင်ငံဖြစ် ပါသည်။ ဘရာဇီးလ်
နိုင်ငံသည် ဘိုလီဗီးယား၊ ပါရာဂွေး၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဖရန့်ဂူရီယာနာ၊ ဂူယားနား၊
ပီရူး၊ Suriname၊ ဥရုဂွေး၊ ဗင်နီဇွဲလား အစရှိသော နိုင်ငံပေါင်း (၁၀)နိုင်ငံနှင့် နယ်နိမိတ်
ခြံစည်းရိုးကာရံမှုကို ၂၀၀၇ ခုနှစ်တွင် ဘိုလီဗီးယားနှင့် ပါရာဂွေး တို့နှင့် ဆောင်ရွက်ခဲ့ပြီး
၂၀၁၃ ခုနှစ်တွင် ကျန်(၈)နိုင်ငံနှင့် ခြံစည်းရိုး ကာရံမှု ကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်
ကြေညာထားသည်။ ဘရာဇီးလ်နိုင်ငံအနေဖြင့် အဆိုပါ(၁၀)နိုင်ငံ ခြံစည်းရိုးကာရံရခြင်း၏ အဓိက
အကြောင်းအရင်းမှာ တရားမဝင်ရွေ့ပြောင်း သွား လာမှုနှင့် တရားမဝင် ကုန်သွယ်မှုများကြောင့်
ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ခြံစည်းရိုးကာရံပြီးနိုင်ငံများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကမ္ဘာပေါ်တွင်
နိုင်ငံနယ်နိမိတ် ခြံစည်းရိုး ကာရံပြီးဖြစ်သော နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စုနှင့်
ကျူးဘား (၁၉၆၄)၊ ဘော့စ်ဝါနာနှင့် ဇင်ဘာဘွေ (၂၀၀၈)၊ တောင်အာဖရိကနှင့် မိုဇမ်ဘစ်ကျူ(၁၉၇၅)၊
မော်ရိုကိုနှင့် အနောက်ဆာဟာရ (၁၉၈၇)၊ အယ်လ်ဂျီးရီးယားနှင့် မော်ရိုကို (၁၉၆၂)၊ စပိန်နှင့်
မော်ရိုကို (၂၀၀၅)၊ အီဂျစ်နှင့် ဂါဇာ ကမ်းမြှောင်ဒေသ (၂၀၀၉)၊ ဗြိတိန်နှင့် ပြင်သစ်(၂၀၁၅)၊
ဆွီဒင်နှင့် ဒိန်းမတ်(၂၀၁၅)၊ ဟန်ဂေရီနှင့် ဆားဗီးယား (၂၀၁၅)၊ ဘူလ်ဂေး ရီးယားနှင့် တူရကီ
(၂၀၁၄)၊ ဂရိနှင့် တူရကီ (၂၀၁၂)၊ အီရန်နှင့် ပါကစ္စတန် (၂၀၁၁)၊ အီရန်နှင့် အီရတ်(၂၀၁၅)၊
ဆော်ဒီအာရေဗျနှင့် ယီမင် (၂၀၀၄)၊ ဆော်ဒီ အာရေဗျနှင့် အီရတ်(၂၀၁၄)၊ အိန္ဒိယနှင့် ပါကစ္စတန်
(၂၀၀၄)၊ တရုတ်နှင့် မြောက်ကိုရီးယား (၂၀၁၂)၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား
(၁၉၇၉)၊ ထိုင်းနှင့် မလေးရှား (၂၀၁၃) တို့ဖြစ်ကြသည်။
နိုင်ငံနယ်နိမိတ်များတွင်
ခြံစည်းရိုးကာရံမည်ဟု ကြေညာထားပြီး လုပ်ငန်း စတင် ဆောင်ရွက် နိုင်ခြင်း မရှိသေးသော
နိုင်ငံများမှာ မက္ကဆီကိုနှင့် ဂွာတီမာလာ၊ ဘရာဇီးနှင့် အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဖရန့်ဂူရီယာနာ၊
ဂူယားနား၊ ပီရူး၊ Suriname၊ ဥရုဂွေး၊ ဗင်နီဇွဲလား၊ နမီးဗီးယားနှင့် အန်ဂိုလာ၊ ကင်ညာနှင့်
ဆိုမာလီယာ၊ အယ်လ်ဂျီးရီးယားနှင့် လစ်ဗျား၊ အက်စတိုး နီးယားနှင့် ရုရှား၊ လတ်ဗီးယားနှင့်
ရုရှား၊ သြစတြီးယားနှင့် စလိုဗေးနီးယား၊ အီတလီ၊ ဟန်ဂေရီနှင့် ရိုမေးနီးယား၊ ခရိုအေးရှား၊
ယူကရိန်းနှင့် ရုရှား၊ အီရန်နှင့် တူရကီ၊ ဆော်ဒီ အာရေဗျနှင့် ကာတာ၊ ပါကစ္စတန်နှင့် အာဖကန်
နစ္စတန်၊ အိန္ဒိယနှင့် မြန်မာ၊ ဘူတန်၊ မလေးရှားနှင့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်း
စသည် တို့ဖြစ်ကြသည်။
အိန္ဒိယနှင့်
မြန်မာ နယ်နိမိတ်ခြံစည်းရိုးကာရံမှုဆောင်ရွက်မည်ဟု ၂၀၀၃ ခုနှစ်တွင် စတင်ကြေညာခဲ့ကြောင်း၊
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ် နိမိတ်ခြံစည်းရိုးကာရံခြင်းကိုမူ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄
ခုနှစ်တို့တွင် ဆောင်ရွက်လျက်ရှိသော်လည်း ပြီးစီးခြင်း မရှိသေးကြောင်း The
Economist မဂ္ဂဇင်းကြီးက ဖော်ပြထားသည်။
ခြံစည်းရိုးကာရံရသည့်
အကြောင်းရင်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ်
ခြံစည်းရိုးများကာရံခဲ့ကြသောနိုင်ငံများနှင့် ကာရံမှုဆောင်ရွက်နေဆဲနိုင်ငံများတွင် မည်သည့်အကြောင်းအရင်းများကြောင့်
နယ်နိမိတ်ခြံစည်းရိုးများ ကာရံကြသည် ကို လေ့လာကြည့်ရာ အဓိကအခြေခံ အကြောင်းအရင်းများမှာ
တရားမဝင် ရွှေ့ပြောင်းသွား လာမှုနှင့် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး ကိစ္စများ၊ နယ်မြေပိုင်ဆိုင်မှုနှင့်
အငြင်းပွားမှုများ၊ လုံခြုံရေး ပဋိပက္ခကိစ္စရပ်များနှင့် နယ်စပ် ဖြတ်ကျော် ရောဂါကူးစက်မှု
လျော့ချရေးတို့ အတွက် ဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံများ
နယ်နိမိတ်ခြံစည်းရိုး ကာရံခြင်းများအပြင် နောက်ဆက်တွဲ လုပ်ဆောင်မှုများအဖြစ် နယ်စပ်ခြံစည်းရိုးများတွင်
လျှပ်စစ်များလွှတ်ထားခြင်း၊ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခြင်း၊ အချက်ပြ ကိရိယာများတပ်ဆင်ထားခြင်း၊
ကင်းလှည့်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စောင့်ကြည့်ခြင်း နှင့် တစ်ခါတစ်ရံ မြေမြှုပ်မိုင်းများ
ထားရှိခြင်းတို့ ကို ဆောင်ရွက်နေကြသည်ကို ကြားသိရပါသည်။
အကျိုးသက်ရောက်မှု
▄▄▄▄▄▄▄▄▄▄▄▄
နယ်နိမိတ်
ခြံစည်းရိုးများဖြင့် ကာကွယ်ထားသည့်စနစ်မှာ ပြိုင်ဘက်ကင်းပြီး လုပ်ဆောင် သင့်သော နည်းလမ်းများဖြစ်ကြောင်း
ကမ္ဘာ့နိုင်ငံအများစုက လက်ခံယုံကြည် ထားကြသည်။ နိုင်ငံရေးစနစ်၊ နိုင်ငံခြားရေး မူဝါဒ၊
ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်း၊ လူ့အခွင့်အရေးသဘောထား အမြင်များအပြင် နိုင်ငံတစ်နိုင်ငံ၏
အခြားသော အရေးကိစ္စများ အပေါ်တွင်လည်း နယ်နိမိတ်ခြံစည်းရိုးကာရံခြင်းက အကျိုးသက်ရောက်မှုရှိကြောင်း
နားလည် လက်ခံထားကြသည်။
နယ်နိမိတ်စည်းရိုးကာရံမှုများတွင်
မိမိနိုင်ငံ၏ အရပ်မျက်နှာ အားလုံးကို ခြံစည်းရိုး ခတ်ကာရံသော နိုင်ငံမှာ ကမ္ဘာပေါ်တွင်
အလွန်ရှားပါးလှသည်။ ခြံစည်းရိုးခတ် ရသည့် နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးမှုနှင့်
လုံခြုံရေးကိစ္စရပ်များအတွက်ကြောင့် သာအဓိက ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။
နိုင်ငံများ အလိုက် နယ်နိမိတ် ခြံစည်းရိုး ကာရံကြခြင်းဖြင့် မလိုလား အပ်သော နောက်ဆက်တွဲ
ပြဿနာ များကိုလည်း ကြိုတင် ဖြေရှင်းဆောင်ရွက် ထားပြီးသားဖြစ်ကြောင်း လက်ခံနားလည် ထားကြသည်။
ကမ္ဘာပေါ်တွင်
နိုင်ငံနယ်နိမိတ်ခြံစည်းရိုး ကာရံထားသော နိုင်ငံများ၏ အတွေ့အကြုံများအပေါ် မူတည်ပြီး
ပိုမိုကောင်းမွန်သည့် နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေး တို့ကို လေ့လာ
ဆောင်ရွက် စောင့်ကြည့်ပြီး သုံးသပ်လျက် ရှိနေကြပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

No comments:
Post a Comment