နေပြည်တော် ဇွန် ၁၀
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး
ဦးစီးဌာနနှင့် ဂျာမနီ နိုင်ငံအခြေစိုက် GOPA အတိုင်ပင်ခံအဖွဲ့တို့အကြား နားလည်မှု စာချွန်လွှာ
လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယ ရှေ့နေချုပ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ
အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊
GOPA အတိုင်ပင်ခံအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Patrick Krause ဦးဆောင်သည့် တာဝန်ရှိသူများ
တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ၌ အီးယူ ရန်ပုံငွေဖြင့် ထောက်ပံ့သော
“Institutional Strengthening and Policy Dialogue Support” စီမံကိန်း ဆောင်ရွက်ရန်အတွက်
နားလည်မှု စာချွန်လွှာကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး
ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင် နှင့် GOPA အတိုင်ပင်ခံအဖွဲ့မှ ညွှန်ကြားရေးမှူး
Mr. Patrick Krause တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
အဆိုပါစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံရှိ
ပြည်သူများ၏ လိုအပ်ချက် များကို အကောင်အထည်ဖော်ရန် စီမံကိန်းများရေးဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းတို့
ဆောင်ရွက်မည့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အရည်အသွေး တိုးတက် ကောင်းမွန်လာမည်
ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ရရှိစေမည်
ဖြစ်သည်။
GOPA အဖွဲ့သည် ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဂျာမနီနိုင်ငံရှိ
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်ပြီး ဥရောပတွင် အကြီးမားဆုံးသော အကြံပေး
အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး
အသွင်ကူးပြောင်းမှုများတွင် နည်းပညာဆိုင်ရာ အကူအညီစီမံကိန်းများ အကောင်အထည် ဖော်ရေးနှင့်
နှစ် ၅၀ စီမံကိန်းများကို ထိရောက်စွာ ရေးဆွဲနိုင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

No comments:
Post a Comment