နေပြည်တော် ဇွန် ၉
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း သည် စင်ကာပူနိုင်ငံဆိုင်ရာ
အမေရိကန်သံ အမတ်ကြီး H.E.Mr. Kirk Wagar
ဦးဆောင်သော စင်ကာပူနိုင်ငံရှိ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်အဖွဲ့အား ယနေ့နံနက်
၉ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံပြီး
စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ ရပ်များကို
ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ အမျိုးသားလွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊
အတွင်းရေးမှူး များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

No comments:
Post a Comment