ကိုစစ်(လူမှု)
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
(အတိုအားဖြင့် UDHR) ၏ နိဒါန်း ခြောက်ခုမြောက် အပိုဒ်တွင် ''ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည်
ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကမ္ဘာ့တစ်ဝန်းလုံးက
ပိုမိုမြှင့်တင်လေးစားလိုက်နာ ကျင့်သုံးကြစေရေးအတွက် ဆောင်ရွက်မည်ဟု ကတိပြုပြီးဖြစ်သောကြောင့်
လည်းကောင်း'' ဟု အခိုင်အမာဖြော်ပထားပေသည။် ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသည် လူ့အခွင့်အရေးနှင့်
အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာကြရန်တာဝန် (Responsibility)ရှိပေသည်။
UDHR ၏အပိုဒ်(၁)
တွင် ပါရှိသည့် ''လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့်
အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူတို့၌ ဆင်ခြင်တုံတရားနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော
အသိဥာဏ်ရှိကြ၍၊ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံကျင့်သုံးသင့်သည်''
ဟု တိုက်တွန်းထားပါသည်။ ရှင်းလင်းရသည်ရှိသော် အနှောင်အဖွဲ့မရှိလွတ်လပ်သူများသာဖြစ်သည်။ဂုဏ်သိက္ခာနှင့်
အခွင့်အရေးများလည်း အားလုံးအတူအညီသာ ရရှိခံစားခွင့် ရှိကြသည်။ လူ့အခွင့်အရေးများ ရရှိ
ခံစားနိုင်ခွင့် ဆောင်ရွက်ပိုင်ခွင့်တို့ ကျင့်သုံးရာတွင် အပေးအယူ မျှမျှ၊ ဆင်ခြင်ဝေဖန်မှု
ရှိရှိဖြင့် ချစ်ခင်ကြင်နာသော ညီအစ်ကို သဖွယ်၊ ညီအစ်မသဖွယ်ကျင့်သုံးကြရန် လိုအပ်ပါကြောင်း
ဖော်ညွှန်းထားခြင်း ဖြစ်ပေသည်။
UDHR ၏ အပိုဒ်
(၂၉) (၂) တွင် ''မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည်
အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်ကို အသိအမှတ်ပြု၍ လေးစားရန် အလို့ငှာလည်းကောင်း၊
ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ
အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလို့ငှာ လည်းကောင်း၊
ဥပဒေအရသတ်မှတ် ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်'' ဟု ဖော်ပြပါရှိသည်။
အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို လေးစားရန် တစ်နည်းဆိုသော် မထိပါးမိရန်
တိုက်တွန်းထားခြင်းဖြစ်သလို ဥပဒေပြဋ္ဌာန်းချက်များ အတွင်းမှသာ ကျင့်သုံးခွင့်ရှိသည်ကို
ရှင်းလင်းစွာ သတိပေးထားသည်။
ကော်မရှင်၏ ''
ရည်ရွယ်ချက်'' တစ်ရပ်မှာ-
''မြန်မာနိုင်ငံအတွင်း၌
လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း အားဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာ
ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန်” ဟု ဖြစ်သည်။ လူ့အခွင့်အရေးများကို
လေးစားရုံသာမက လိုက်နာကျင့်သုံးသည့် အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရည်ရွယ်မျှော်မှန်းပေသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များ၏
ရည်ရွယ်ချက်တစ်ရပ်မှာ-
''လောကပါလတရားနှင့်
ဗြဟ္မာစိုရ်တရားထွန်းကားပြီး လူ့အခွင့်အရေးစံနှုန်းများမြင့်မားသော လူ့ဘောင်ပေါ်ထွန်း
စေရန်အတွက် နိုင်ငံသားတိုင်း လူ့အခွင့်အရေးများ လိုက်နာကျင့်သုံးတတ်စေရန်'' ဖြစ်သည်။
ကျွန်တော်တို့
ရရှိပိုင်ဆိုင်လိုသော၊ တည်ဆောက်လိုသော လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီသော လူ့ဘောင်
အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာရေးအတွက် အချင်းချင်းအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပက္ခာတရားများ
ထားရှိခြင်း၊ လောကပါလတရား (၃) ပါး၏လွတ်လပ်ခြင်း-ညီမျှခြင်း-တရားမျှတခြင်းများ ကျင့်သုံးခြင်းဖြင့်လည်း
လူ့အခွင့်အရေးများ မြှင့်တင်သင့် လှပေသည်။
လွတ်လပ်ခွင့်နှင့်
ပတ်သက်၍ အတွေ့အကြုံတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ကော်မရှင်အဖွဲ့ ၂ဝ၁၅ ခုနှစ်
မတ်လတွင် အောင်လံမြို့၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ဟောပြောပြီး အမေးအဖြေ အပြန်အလှန် ပြုလုပ်သည်။ အသက်(၈၀)ကျော်ခန့်ရှိ အငြိမ်းစား အရာရှိတစ်ဦးက
တင်ပြတိုင်ကြားသည်မှာ “ညအချိန်မတော် တွင် မော်တော်ဆိုင်ကယ်တချို့၏ ကျယ်လောင်သော အိတ်ဇောသံကြောင့်
လန့်နိုးပြီး ပြန်အိပ်၍မရတော့ကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း'' ဖြစ်သည်။
ဆိုင်ကယ်စီးသူ၏ မဆင်မခြင် ပါဝါအိတ်ဇောတပ်၍ စီးနင်းမှုကြောင့် အခြားလူတွင် ထိခိုက်ခံစားမှုဖြစ်ရသည်ကို
ကျွန်တော်နားလည်လိုက်သည်။ အသံ၏ ပတ်ဝန်းကျင်ထိခိုက်မှု (Noise Pollution) ဖြစ်စေပါသည်။
ဤတင်ပြချက်အပေါ် အဖွဲ့ခေါင်းဆောင် ကျွန်တော်မှပင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ပါဝါအိတ်ဇောတပ်ကားများအား
ဖမ်းဆီး ထိန်းသိမ်းပြီး ဥပဒေအရ အရေးယူသင့်တာယူ၊ သတိပေး ပြန်လွှတ်တာလွှတ်၍ ဖြေရှင်းဆောင်ရွက်ပေးမှုကို
ဥပမာပေးရှင်းပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် သင့်တော်သလို တားမြစ်ဆောင်ရွက်ပေးရန်
တိုက်တွန်းရသည်။
လူ့အခွင့်အရေးကို
“လူသားတို့၏ လူ့အခွင့်အရေးဆိုင်ရာ ရရှိခံစားနိုင်ခွင့်နှင့် ဆောင်ရွက်ပိုင်ခွင့်''
ဟု ဖွင့်ဆိုပေသည်။ ရရှိခံစားပိုင်ခွင့်တွင်လူသားတစ်ဦး၏မွေးရာပါ အခွင့်အရေးများ ရရှိခံစားနိုင်ခွင့်ရှိပြီး
အခြားသူများ၏ အခွင့်အရေးအတွက်ကိုလည်း ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရား ရှိလာပါက ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
ဒါကြောင့် သင်၏ ဆောင်ရွက်ရန် ဝတ္တရား ရှိမှုတွင် “အခြားသူ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်”
များကို လေးစားရန်လည်း အထူးလိုအပ်လှပေသည်။
''လူအချင်းချင်း
အပြန်အလှန်လေးစားရမည်'' (Due to respect)ဟူသော စကားမှာ ကျွန်တော်တို့ လူမှုဘဝ နယ်ပယ်တွင်
ပြောရိုးပြောစဉ် ကြားရလေ့ရှိသည်။ ဤစကားသည် ''လူ့အခွင့်အရေး၏ အပြန်အလှန်လေးစားခြင်း''နှင့်
အနှစ်သာရတူသာ ဖြစ်သည်။
UDHR၏ အပိုဒ်(၃)
တွင် ''လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရခွင့်ရှိသည်''
ဟု ဖော်ပြထားသည်။ လူသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အကာအကွယ်ပေးထားသည်။ ကမ္ဘာကြီးသည်
၂၁ ရာစုသို့ ရောက်နေပြီဖြစ်သည်။ လူသားအဖြစ် ပေါ်ထွန်းလာခဲ့သည်နှင့် ဆိုသော် နှစ်ပေါင်းသန်းချီ
ကြာညောင်းခဲ့ပါပြီ။ သို့သော် ကမ္ဘာ့နေရာအနှံ့အပြားတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ လူ့အခွင့်အရေး
ချိုးဖောက်မှုများ ကြားသိရပါသည်။ အင်တာနက်နှင့်တီဗွီသတင်းများတွင် တွေ့မြင်နေရသည်။ ဥပမာ-ထိုင်းနိုင်ငံနှင့်
မလေးရှားနိုင်ငံနယ်စ နယ်စပ်မှ လူမှောင်ခိုကူးခံရသူများ၊ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ၏
အလောင်းများ ဖော်ထုတ်တွေ့ရှိမှုများ၊ အင်ဒိုနီးရှားကျွန်းများပေါ်ရှိ ကျွန်ပြုခံရသူ မြန်မာများနှင့်
အခြားနိုင်ငံသားများ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် အပြစ်မဲ့လူသားများ အစုလိုက်၊
အပြုံလိုက် သတ်ဖြတ်ခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မြို့များတွင် အကြမ်းဖက်
ဖောက်ခွဲမှုများ၊ ပစ်ခတ်သတ်ဖြတ်ခံရမှုများ၊ လူစီးလေယာဉ်များအား ဖောက်ခွဲမှုများမှာ ကမ္ဘာကြီး၏
ရတက်မအေးဖွယ်ရာ လူ့အခွင့်အရေး အခြေအနေများ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ
(၃၅၃)တွင် “မည်သူကိုမျှ တည်ဆဲဥပဒေနှင့် အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ
လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မဖြစ်စေရ”ဟု ပြဋ္ဌာန်း၍ အသက်ရှင်သန်ခွင့်နှင့် လွတ်လပ်ခွင့်ကို
ကာကွယ်ပေးထားပါသည်။ နိုင်ငံသားများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းလည်းဖြစ်သည်။
ယနေ့ ကမ္ဘာကြီးတွင်
လူကုန်ကူးမှုများ၊ လိင်ကျွန်ပြုမှုများ၊ လူများအား တရားမဝင် သယ်ဆောင်ခြင်းများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ကြသူများ၊
ခေတ်သစ် ကျွန်ပြုခြင်းများ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှုများကို ကမ္ဘာကြီးက စိတ်မချမ်းမြေ့သော်လည်း
ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေကျများအဖြစ် မထူးဆန်း၊ မအံ့သြတော့ပေ။
ပြည်တွင်းအစေအပါးပြုမှုရှိနေသည်။
လွန်ကဲစွာ ပြုကျင့်သည်ရှိသော် ခေတ်သစ်ကျွန်ပြုမှုဟု သတ်မှတ်ထိုက်သည်။ အိမ်ဖော်အဖြစ်
အသုံးချခံရသော ကလေးတစ်ယောက်သည် ၎င်း၏ အခွင့်အရေးများ ဆုံးရှုံးသည့်အပြင် ညှဉ်းပန်းနှိပ်စက်မှု
ဖြစ်စဉ်များ မကြာခဏ ကြားသိရသည်။ ကော်မရှင်သို့ တိုင်တန်းမှုများ ရှိသည်။ ကော်မရှင်မှ
လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ တိုက်တွန်းချက်များနှင့်အတူ
သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ ပေးပို့လျက်ရှိသည်။ သက်ဆိုင်ရာ အစိုးရအဖွဲ့မှလည်း တည်ဆဲဥပဒေများနှင့်အညီလည်းကောင်း
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သော အနှစ်သာရ ဖြင့်လည်းကာင်း ဆောင်ရွက်ဖြေရှင်းပေးရန်
လိုအပ်ပါသည်။
UDHR အပိုဒ် (၂၃-၃)တွင်
''အလုပ်လုပ်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန်သော
ဘဝရပ်တည်မှုကို အာမခံနိုင်မည့် တရားမျှတ၍ လျော်ကန်သင့်မြတ်သော အခကြေးငွေ ရပိုင်ခွင့်ရှိသည်။
လိုအပ်လျှင် အခြားလူမှုကာကွယ်ရေး စောင့်ရှောက်မှုများ ကိုလည်း ဖြည့်စွက်ရရှိခံစားပိုင်ခွင့်ရှိသည်''
ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ
(၂၄)တွင် “နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်
ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်” ဟု ဖော်ပြင အလုပ်သမားများအား အကာအကွယ် ပေးထားသည်။ ထို့ကြောင့်
အလုပ်သမား ဝန်ကြီးဌာနမှ “အလုပ်သမားအဖွဲ့ အစည်း ဥပဒေ” (၂၀၁၁)ခုနှစ်၊ “လူမှုဖူလုံရေးဥပဒေ”
(၂ဝ၁၂-ခုနှစ်)၊ ''အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ'' (၂ဝ၁၂-ခုနှစ်)၊ ''အနည်း
ဆုံးလုပ်ခ လစာဥပဒေ '' (၂ဝ၁၃-ခနှစ်) များ ပြဋ္ဌာန်းခဲ့သည်ကို တွေ့ရှိရပါသည်။
အလုပ်လုပ်သူတိုင်းသည်
လခစားဖြစ်စေ၊ လုပ်ခနေ့စားဖြစ်စေ၄င်းတို့ လူမှုဘဝ အဆင့်အတန်း ဖူလံမှုအတွက် သင့်တင့် မျှတသော
လုပ်အားခများ ခံစားခွင့်ရှိသင့်ပေသည်။ အလုပ်သမားများက ၄င်းတို့၏အခွင့်အရေးတွင် အဓိကကျသော
ထိုက်တန်သည့် လုပ်ခလစာရရှိရေး ဆန္ဒပြ တောင်းဆိုနေကြသည်။ ထိုက်တန်သည့် လုပ်ခလစာ မရရှိခြင်းသည်
အလုပ်သမားများ၏ အခွင့်အရေး လျစ်လျူရှုခံရမှု ဖြစ်သည်။ အလုပ်သမားတိုင်းသည်၎င်းတို့၏လုပ်အား၊
ကျွမ်းကျင်မှု ပညာအရည်အချင်းအပေါ် မူတည်၍ သင့်တော်သော လုပ်ခ ရခွင့်ရှိသည်။
မသန်စွမ်းသူများသည်
လူ့အခွင့်အရေးများကို ရရှိခံစားခွင့်နှင့်မသန် စွမ်းအခွင့်အရေးများကိုလည်းရရှိခံစားခွင့်ရှိကြသည်။
မသန်စွမ်းများ၏ အခွင့်အရေးကိုကျွန်တော်တို့ အသိအမှတ်ပြုလေးစားကြရန် လိုအပ်ပါ သည်။ အဓိကမှာ
ခွဲခြားမှုမပြုရေး၊ တန်းတူညီမျှရေး၊ လူတိုင်းအကျုံးဝင် ပညာရေး(Inclusive
Education-IE) သင်ယူခွင့်၊ လူမှုအသိုင်းအဝိုင်း အတွင်း အကျုံးဝင်ပါဝင်ခွင့်ရရှိရေးများမှာ
အဓိကကျပေသည်။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ်
(၁၈)တွင် ''လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ အမှားအမှန်ဝေဖန်ပိုင်းခြားခွင့်နှင့်
ကိုးကွယ်ခွင့်ရှိသည်'' ဟု ဘာသာရေးကိုးကွယ်မှုလွတ်လပ်ခွင့်ကိုဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ(၃၄) တွင် ''ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားသော်
လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြား
ပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်းမဆန့်ကျင်လျှင်နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင်လွတ်လပ်စွာ
ယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်''ဟု
ပြဋ္ဌာန်း၍ အခွင့်အရေးပေးထားသည်။
လွတ်လပ်စွာကိုးကွယ်ခွင့်၊
ယုံကြည်တည်ဆောက်ခွင့်ရှိသည်။ မိမိ၏ကိုးကွယ်ခွင့်နှင့် ယုံကြည်တည်ဆောက်ခွင့်အား လွတ်လပ်စွာပြောင်းလဲခွင့်ရှိသည်။
ဒါကြောင့်ကျွန်တော်တို့သည်လူတစ်ဦး၏ ကိုးကွယ်ခွင့်၊ ယုံကြည် တည်ဆောက်ခွင့်များကို အပြန်အလှန်
လေးစားခြင်းအားဖြင့် ညီညွတ်မျှတ၍ ဟန်ချက်ညီသော လူမှုအဖွဲ့အစည်း၏ ပျော်ရွှင်ချမ်းမြေ့ဖွယ်
ဘဝများကို ရရှိပိုင်ဆိုင်နိုင်ကြပါသည်။
အခြားလွတ်လပ်ခွင့်များမှ
အချို့အား ရှင်းလင်းဖော်ပြလိုပါသည်။
UDHR အပိုဒ် (၁၂)တွင်
ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် (Personal Privacy) အားဖော်ပြထားသည်။ သာဓကအားဖြင့်လူအများ
အိပ်စက်အနားယူချိန် တွင်အသံချဲ့စက် အသုံးပြုခြင်းများ၊ တေးဂီတ ဖျော်ဖြေပွဲများအားအချိန်
ကန့်သတ်၍ ဆောင်ရွက်ခွင့်ပြုခြင်းဖြင့် အများပြည်သူ၏ လွတ်လပ်စွာ အိပ်စက်အနားယူခွင့်ကို
ကာကွယ်ပေးထားသည်။ တယ်လီဖုန်း ခိုးနားထောင်ခြင်း၊ ကြားဖြတ်ဖမ်းယူခြင်း၊ ပေးစားများ ဖွင့်ဖောက်
ဖတ်ရှုခြင်းများသည် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ဖေ့စ်ဘွတ်ခ်(Fb)
အား နှောင့်ယှက်တိုက်ခိုက်ခြင်းများမှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာကြီးတွင် စက္ကန့်နာရီမလပ်
ဖြစ်ပွားနေသော လူ့အခွင့်အရေး ထိပါးမှုများ ဖြစ်နေပါပြီ။ ဖေ့စ်ဘွတ်ခ်ဖြင့် ကမ္ဘာကြီးအား
ကြည်နူးပျော်ရွှင်ဖွယ် ရွာကြီးတစ်ရွာအဖြစ် ဖန်တီးနိုင်ကြပါသည်။ အဆုံးမရှိသော ဗဟုသုတများကို
ရှာဖွေခြင်း၊ လေ့လာခြင်း၊ မျှဝေခြင်းများအလေးထားပြုလုပ်နိုင်ကြပါသည်။
မိမိအခွင့်အရေး
လေးစားတတ်သူ၊ အခြားသူများ၏ အခွင့်အရေး လေးစားတတ်သူများသည် ''လူ့အခွင့်အရေးမထိပါး''
''မွေးရာပါဂုဏ်သိက္ခာကို တန်ဖိုးထား'' ''ခွဲခြားခြင်း မပြု'' ''တန်း တူညီမျှအလေးထား''
ကြမည်သာ ဖြစ်ပေသည်။
No comments:
Post a Comment