Saturday, March 5, 2016

အိန္ဒိယနိုင်ငံ YDM-4 ခေါင်းတွဲသစ် (၁၈) ခေါင်း ၀ယ်ယူရေးနှင့်ပတ်သက်၍ သဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော် မတ် ၎

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေး ဆောင်ရွက်မှုကုမ္ပဏီတို့ YDM-4 ခေါင်းတွဲသစ် (၁၈)ခေါင်း ၀ယ်ယူရေးနှင့် ပတ်သက်၍ သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီးများ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Gautam Mukhopadhaya ၊ အိန္ဒိယနိုင်ငံ နည်း ပညာနှင့် စီးပွားရေး ဆောင်ရွက်မှုကုမ္ပဏီမှ ဒါရိုက်တာ Mr. S. B. Malik နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Gautam Mukhopadhaya က အမှာစကားပြောကြားသည်။

ထို့နောက် ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသူရိန်ဝင်းနှင့် အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးဆောင်ရွက်မှုကုမ္ပဏီ (RITES Ltd) မှ ဒါရိုက်တာ Mr. S. B. Malik တို့က အိန္ဒိယနိုင်ငံချေးငွေဖြင့် ၀ယ်ယူ မည့်  YDM-4 ခေါင်းတွဲသစ် (၁၈) ခေါင်း ၀ယ်ယူရေးနှင့် ပတ်သက်၍ သဘောတူလက် မှတ်ရေးထိုးကြသည်။


အဆိုပါ စက်ခေါင်းများအား (၁)ခေါင်းလျှင် (၁ ဒသမ ၈) သန်း၊ (၁၈)ခေါင်း အတွက် (၃၂ ဒသမ ၄)သန်းကုန်ကျမည်ဖြစ်သည်။ အဆိုပါစက်ခေါင်းများအား လူစီးရထားများနှင့် ကုန်ရထားများ တွင် အသုံးပြုပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment