နေပြည်တော် ဖေဖော်ဝါရီ ၁၉
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ
အနက် ရွေးကောက်ပွဲ မကျင်းပမီ ကွယ်လွန်သူများ၊ တင်သွင်းလွှာ အပယ်ခံရသူများ၊ ရွေးကောက်ပွဲ
ရွှေ့ဆိုင်းထားသော မဲဆန္ဒနယ်များမှ ပုဂ္ဂိုလ်များ၊ ငွေစာရင်း နှစ်နေရာတွင် နှစ်ကြိမ် မှားယွင်း
ပေးသွင်းခဲ့သူများ၊ အကြောင်း အမျိုးမျိုးကြောင့် အမည်စာရင်း ပြန်လည် ရုပ်သိမ်း၍ ရွေးကောက်ပွဲ
ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသူများ၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့်
ခိုင်လုံသော ဆန္ဒမဲ (၈)ပုံ (၁)ပုံနှင့် အထက် ရရှိသော ပုဂ္ဂိုလ်များ၏ ရွေးကောက်ပွဲ ၀င်ခွင့်
အာမခံငွေများအား သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြန်လည်
ထုတ်ပေးလျက် ရှိပါသည်။
ပြဋ္ဌာန်းထားသည့် နည်းဥပဒေများအရ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများကို သတ်မှတ်ကာလ
အတွင်း ပြန်လည် ထုတ်ယူခြင်း မရှိပါက နိုင်ငံတော် ဘဏ္ဍာသို့ ပေးသွင်းသွားရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရွေးကောက်ပွဲ ၀င်ခွင့် အာမခံငွေများ ပြန်လည် ထုတ်ယူရမည့် ပုဂ္ဂိုလ်များသည်
သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆက်သွယ်၍ (၃၀-၆-၂၀၁၆)
ရက်နေ့ နောက်ဆုံးထား ထုတ်ယူသွားကြရန် အသိပေး နှိုးဆော်အပ်ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
No comments:
Post a Comment