Friday, February 19, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၁၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကော်မတီ ၃ ရပ်ဖွဲ့စည်းခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လည်းကောင်း ကော်မတီ ဥက္ကဋ္ဌအဖြစ် လှိုင်သာယာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းမြင့်နှင့် အတွင်းရေးမှူး အဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းတို့ကို လည်ကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘ၀ ဖွံ့ဖြိုးရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌအဖြစ် ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် အတွင်းရေးမှူး အဖြစ် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင် မောင်ဦး အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်း တို့ကို လည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့အတူ ပညာရေး မြှင့်တင်မှု ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း တို့ကို လည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာ တင်အောင်နှင့် အတွင်းရေးမှူးအဖြစ် တွန်းဇံမဲဆန္ဒနယ် မှ ဦးခမ်ခန့်ထန် အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းတို့ကို လည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ဖတ်ကြား တင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် ရေကြည် မဲဆန္ဒနယ် မှ ဒေါက်တာ စံရွှေဝင်းနှင့် အတွင်းရေးမှူး အဖြစ် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ အောင်ခင် တို့ဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေး တင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ဖတ်ကြား တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကွမ်းခြံကုန်း မဲဆန္ဒနယ်မှ ဦးစိုးသူရထွန်းနှင့် အတွင်းရေးမှူး အဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ဦးအေးနိုင်တို့ဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေး တင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ဖတ်ကြား တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီကို ဥက္ကဋ္ဌ အဖြစ် ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းနှင့် အတွင်းရေးမှူး အဖြစ် ပန်းဘဲတန်း မဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေတို့ဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း လွှတ်တော်သို့ အသိပေး တင်ပြသည်။

No comments:

Post a Comment