နေပြည်တော်
ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စု လွှတ်တော်နာယက၊
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် နော်ဝေနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး Mr. Tore Hattrem ဦးဆောင်သည့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်
လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး H. E. Mr. Pire Giorgio ALIBERTI
အား မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း နေပြည်တော် ရှိ အမျိုးသားလွှတ်တော်
ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင်
ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်
အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:
Post a Comment