စိတြ
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်
အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေး ထိန်းသိမ်းကာကွယ်သောကာလ၊
မြန်မာ့လွတ်လပ်ရေး ကို အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် စောင့်ရှောက်သော ကာလများ၌လည်း
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သည် အထူးအရေးကြီးသောကဏ္ဍများမှပင် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
စည်းလုံးညီညွတ်မှု ပျက်ပြားချိန်တွင် တိုင်းပြည်
ဝါးအစည်းပြေသကဲ့သို့ ပြိုကွဲခဲ့ရပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာလည်း တစ်စတစ်စယိုယွင်းလာကာ
ဖရိုဖရဲဖြစ်ကြရသည်။ ထိုအဖြစ်မျိုးကို မြန်မာ့သမိုင်း ကြောင်း တွင်သာမက ကမ္ဘာ့သမိုင်းကြောင်းတွင်လည်း
မြင်တွေ့နိုင်မည်ဖြစ်သည်။ အတိတ်ကာလက ဥရောပ နိုင်ငံအချို့ ၄င်းတို့နိုင်ငံအတွင်း ညီညွတ်မှုယိုင်နဲ့ခဲ့သဖြင့်
တိုင်းပြည်ပြိုကွဲရသည့်ဖြစ်စဉ်များနှင့် မျက်မှောက် ကာလတွင် ဆီးရီးယား၊ လစ်ဗျား၊ အီရတ်
စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ ပြိုကွဲရသည့်ဖြစ်စဉ်များက အထင် အရှား သက်သေပြနေပါသည်။
မြန်မာနိုင်ငံသမိုင်းကြောင်းကို ပြန်ပြောင်း
ကြည့်လျှင် နိုင်ငံစည်းလုံးညီညွတ်ခဲ့သော အချိန်ကာလများက အင်အား တောင့်တင်းခိုင်မာကျယ်ပြန့်သော
နိုင်ငံတော်ကြီးအဖြစ် တစည်းတလုံးတည်း တည်ရှိခဲ့ပြီး နိုင်ငံ စည်းလုံး ညီညွတ်မှု ပျက်ပြားသောအချိန်ကာလများက
နိုင်ငံအတွင်းမှာပင် ကိုယ့်မင်းကိုယ့်ချင်း ဘုရင့် နိုင်ငံ ငယ်လေးများဖြင့် အစိတ်စိတ်အမြွှာမြွှာဖြစ်တည်ခဲ့သည်ကို
မှတ်သားဖူးမည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို
တစည်း တလုံးတည်း တည်ထောင်နိုင်ခဲ့သော ပထမမြန်မာနိုင်ငံ တော်ခေတ်က မြို့ပြနိုင်ငံတော်တည်ထောင်ခြင်းမှ
တစ်ဆင့်တက်၍ အင်အားကြီးနိုင်ငံတော်ကြီးအဖြစ် တည်ထောင်နိုင်ခဲ့သည်။ ပုဂံနေပြည်တော်ကို
ဗဟိုပြု၍ အနော်ရထာမင်းတည်ထောင်ခဲ့သော ပထမမြန်မာ အင်အားကြီးနိုင်ငံတော်သည် နှစ်ပေါင်း
သုံးရာနီးပါး တည်တံ့ခဲ့ပြီး စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီမံ ခန့်ခွဲရေး၊ ကာကွယ်ရေးတို့မှအစ
အင်အားတောင့်တင်း ခိုင်မာခဲ့ပါသည်။
၁၆ ရာစုနှစ် တပင်ရွှေထီးနှင့် ဘုရင့်နောင်
မင်းတရားကြီးလက်ထက်တွင် အင်အားကြီးဒုတိယ နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြန်သည်။
ဘုရင့်နောင်မင်းတရားကြီး၏သားတော် နန္ဒဘုရင် လက်ထက်၌မူ ကာကွယ်ရေး အင်အား ကျဆင်းပြီး တိုင်းပြည်ပြိုကွဲသွားခဲ့ပြန်ရာ
ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် ညောင်ရမ်းမင်း လက်ထက်၌ နိုင်ငံကို ပြန်လည်စည်းရုံးတည်ဆောက်ခဲ့ရပြန်သည်။
ထို့နောက် ညောင်ရမ်းမင်းအလွန် မင်းဆက်များ လက်ထက်၌ တိုင်းပြည်အုပ်ချုပ်သူမင်းများ၏
အရည်အချင်း မပြည့်ဝမှုကြောင့် နိုင်ငံ ယိမ်းယိုင်ပြိုကွဲ လုနီးပါး ဖြစ်ခဲ့ ရပြန်သည်။
ယိမ်းယိုင်ပြိုကွဲနေသောနိုင်ငံတော်ကြီးကို
ပြန်လည် စုစည်းရန်အတွက် မုဆိုးဖိုရွာမှ ဦးအောင်ဇေယျ ဦးဆောင်ပြီး ရွှေဘိုကိုအခြေပြုကာ
လူအင်အား၊ လက်နက်အင်အားစုဆောင်း၍ နိုင်ငံကို တစုတစည်း တည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
အလောင်းမင်းတရား နန်းသက်ရှစ်နှစ်ကာလ အေဒီ ၁၇၅၂-၁၇၆ဝ အတွင်း နိုင်ငံတော်ကို ပြန်လည်စုစည်း
ကာ အင်အားကြီးတတိယနိုင်ငံတော်အဖြစ် ထူထောင် နိုင်ခဲ့ သည်။ ယနေ့ ရန်ကုန်မြို့တော်ကြီးသည်
ရွှေဘိုမှ အလောင်းမင်းတရား ဦးအောင်ဇေယျက အောက် မြန်မာ ပြည်မှ ဒဂုံမြို့လေးကို ရန်အပေါင်းကုန်စင်ရာ
ရန်ကုန်မြို့အဖြစ် သတ်မှတ်တည်ထောင်ပေးထားခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကိုယ့်မင်းကိုယ့်ချင်း၊
ကိုယ့်အရှင် သခင်ဖြင့် လွတ်လပ်စွာနေထိုင်လာခဲ့သော မြန်မာ နိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့က
ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ နယ်ချဲ့တို့၏ လက်နက်အင်အား၊
နည်းပရိယာယ်စွမ်းပကားအား ကောင်းမှု၊ မြန်မာတို့၏လက်နက်အင်အား၊ စည်းလုံး ညီညွတ်မှု စွမ်းပကား
အားနည်းမှုတို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်မှာ သင်ခန်းစာ
ယူဖွယ် ဖြစ်သည်။ သူ့ကျွန်ဘဝတွင်မနေလိုသူ မျိုးချစ်မြန်မာများက ၁ဝ နှစ်တိုင်တိုင် နယ်ချဲ့ကို
တွန်းလှန် ခဲ့ရာ မအောင်မြင်ဘဲ နှစ်ပေါင်းတစ်ရာကျော်ကြာ အချုပ် အခြာအာဏာ ဆုံးရှုံးခဲ့ရသည်။
သူ့ကျွန်ဘဝ နှစ်ပေါင်း တစ်ရာကျော်နေခဲ့ရသည့်
ကာလအတွင်း လွတ်လပ်သောနိုင်ငံ။ ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံ။ ကိုယ့်အရှင်ကိုယ့်သခင်နိုင်ငံ။
လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ။ တစည်းတလုံးတည်း တည်ရှိသောနိုင်ငံအဖြစ်သို့
ပြန်လည်ရောက်ရှိအောင် နည်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကြိုးပမ်း ခဲ့ကြသည်။
လွတ်လပ်ရေးရရှိအောင် နှစ်ပေါင်းတစ်ရာကျော်ကြိုးပမ်း ခဲ့ရသော်လည်း ရရှိထားသော လွတ်လပ်ရေး
ဆုံးရှုံးပုံမှာ တစ်ခဏအတွင်းဖြစ်၍ မြန်ဆန်လွန်းလှသည်။
ဆိုချင်သည်မှာ နိုင်ငံ၏လွတ်လပ်ရေးနှင့်
အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးသလို
အင်အား တောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်ရှိရေးသည် လည်း မဖြစ်မနေလိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထိုအချက်များ အားနည်းပါက လွတ်လပ်ရေးမြန်မြန် ဆုံးရှုံး နိုင်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်
လည်း ကောင်း၊ လွတ်လပ်ရေး ထိန်းသိမ်း ကာကွယ်မှု ကာလတွင် လည်းကောင်း၊ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲ
အောင် ဆောင်ရွက်သော ကာလတွင် လည်းကောင်း စည်းလုံးညီညွတ်ရေးနှင့် အင်အားတောင့်တင်းသော
တပ်မတော်ရှိရေးတို့သည် အရေးအကြီးဆုံး အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမရမီကာလ၊ လွတ်လပ်ရေး
ရပြီးစကာလ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလများကို ပြန်ပြောင်းကြည့်လျှင် နိုင်ငံ့ခေါင်းဆောင်များသည်
လွတ်လပ်ရေးရရှိအောင် စည်းလုံး ညီညွတ်မှုကို ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရပြီး တပ်မတော်သည်
ရရှိခဲ့သော လွတ်လပ်ရေးကို သက်စွန့် ကြိုးပမ်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ရသည်။
ဆက်လက်၍ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် အတွက်လည်း မျက်မှောက် ကာလအထိတိုင်
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ တပ်မတော် အင်အား တောင့်တင်းခိုင်မာရေးတို့ကို
မဖြစ်မနေဆောင်ရွက်ကြရ သည်။
ရရှိပြီးသော လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ
ကို အထိပါးမခံရရေးဟုဆိုရာ၌ ပြည်တွင်းစည်းလုံး ညီညွတ်မှု အားကောင်းနေဖို့ လိုအပ်ပါသည်။
တစ်တိုင်း တစ်ပြည်လုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် အတူ တကွလက်တွဲ၍ အမြဲထာဝရချစ်ချစ်ခင်ခင်
လက်တွဲကာ နေထိုင်သွားကြမည်ဆိုပါလျှင် အတွင်းရန်ဟူ၍ ရှိတော့ မည် မဟုတ်ချေ။ နိုင်ငံသားများ
အမြဲထာဝရအေးချမ်း သာယာစွာဖြင့် ရပ်တည်နေထိုင်နိုင်ကြသည်။ အပြင်ရန် ဟူသည် အတွင်း၌ ညီညွတ်မှု
ပျက်ပြားမှသာလျှင် ဝင်ရောက်နိုင်သောကြောင့် ပြည်ပရန် ကာကွယ်ရေး အတွက် လည်း ကြိုတင်မြော်တွေး
ပြင်ဆင်ထားရသည်။
ယနေ့ကမ္ဘာ့ဖြစ်ရပ်များကို ကြည့်မည်ဆိုလျှင်
ပြည်တွင်းစည်းလုံးညီညွတ်မှု အားနည်းသောနိုင်ငံများသည် ပြည်ပအန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ဖြစ်သွားခဲ့သည်။
တိုင်း တစ်ပါး၏ ကျူးကျော်စွက်ဖက်မှုကို ရင်ဆိုင်ကြရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားအမျိုးအနွယ်ပေါင်း
တစ်ရာကျော် စုပေါင်းနေထိုင်သော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ အခြားနိုင်ငံများ၌လည်း
အမျိုးအနွယ်ပေါင်း များစွာ မှီတင်းနေထိုင်ကြသည်။ အမျိုး အနွယ်များအားလုံး တို့သည် ထိုနိုင်ငံ၏
တစ်မိုးအောက်ထဲတွင် အတူတကွ နေထိုင်ကြသောအခါ အယူအဆ ကွဲပြားသော်လည်း ငါ့နိုင်ငံတော်၊
ငါ့နိုင်ငံသားများ ဖြစ်သည်ဟု မှတ်ယူကာ အေးချမ်းစွာ နေထိုင်ကြ သည်။ ထိုနိုင်ငံသည် ဖွံ့ဖြိုး
တိုးတက်ပြီး အေးချမ်းသာယာစွာနေထိုင်နိုင်ကြသည်။ အေးအတူပူအမျှ အတူတကွ နေထိုင်မည်ဆိုသည့်
ပြည်ထောင်စုစိတ်ဓာတ်ရှိသောကြောင့် ထိုနိုင်ငံ၏ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲနေခြင်း ဖြစ်သည်။
အကယ်၍ အေးအတူပူအမျှ အတူတကွနေထိုင် ကြမည်ဆိုသည့်
ပြည်ထောင်စုစိတ်ဓာတ်ပျက်သုဉ်း သွားမည်၊ အားနည်း သွားမည်ဆိုလျှင် ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲပြီး
ထိုနိုင်ငံအင်အားချည့်နဲ့ သွားလိမ့်မည်။ ထိုအခါ သူတစ်ပါးကျူးကျော် စော်ကားခြင်း၊ အချင်းချင်းစစ်ခင်းခြင်းများ
ဖြစ်ပွားကာ နောက် ဆုံးတွင် တိုင်းပြည်ပြိုကွဲပျက်စီး၍ လွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမည့်အခြေအနေသို့ပင်
ရောက်ရှိနိုင် သည်။
မြန်မာနိုင်ငံသည် အခြားအိမ်နီးချင်းနိုင်ငံများနှင့်
နှိုင်းယှဉ်လျှင် ခေတ်နောက်ကျ ကျန်ခဲ့သည်မှာ အမှန် ပင်ဖြစ်သည်။ ထိုသို့ခေတ်နောက်ကျ ကျန်ခဲ့ခြင်း
သည် လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်ခဲ့သည့်ပြည်တွင်း ပဋိပက္ခများ ကြောင့်ဖြစ်သည်ကို မေ့ပျောက်၍
မရနိုင် သည့် သင်ခန်းစာများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊
အမျိုးသားစည်းလုံးညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဖော်ဆောင်နေရသည်။
ပြည်ထောင်စုကြီးတစ်ခုလုံးတွင် နိုင်ငံတော်နှင့်
တိုင်းရင်းသားပြည်သူများ ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ကြသောကြောင့် ယခုအခါ အခြေအနေကောင်းများ
ရရှိလာခဲ့သည်။ ပြည်တွင်းပဋိပက္ခများ ထာဝရငြိမ်းချမ်း သွားစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြ
သည်။ ''သမဂ္ဂါနံ တပေါ သုခေါ''ဟူသည့် ညီညွတ်သူ တို့၏အကျင့်သည် ချမ်းသာသုခကို ရရှိစေသည်ဆိုသော
တရားတော်လာအတိုင်း တိုင်းရင်းသားစည်းလုံး ညီညွတ်မှုခိုင်မာအားကောင်းမှသာ တိုင်းရင်းသား
ပြည်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်း သာယာလုံခြုံမှုကို ရရှိစေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရရှိထားသော လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်အတွက်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အလေးထားဆောင်ရွက်နေခြင်း ပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပေါ်ထွန်းသောအခါ နိုင်ငံတော် တံဆိပ်(အပေါ်ပုံ)တွင်''သမဂ္ဂါနံ
တပေါ သုခေါ''ဟူသော စာသားထည့်သွင်းထားခြင်းသည် လွတ်လပ်ရေး အတွက် ညီညွတ်ရေးမှာ အရေးကြီးပုံကို
ဖော်ညွှန်းထား ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို တိုင်းရင်းသား
ပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲပြီး အရ ယူပေးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်
ပြည်ပကျူးကျော်မှုများကို တပ်မတော်က အမိမြေမှ မောင်းထုတ် နိုင်ခဲ့သည်။ နှစ်ပေါင်း ၆ဝ
ကျော် ကြာပြီဖြစ်သည့် ပြည်တွင်းပဋိပက္ခများသည် လွတ်လပ် ရေးမရမီ၊ လွတ်လပ်ရေး ရပြီးနောက်
ပေါ်ပေါက်လာ သည့် အယူအဆကွဲ၊ ဝါဒကွဲ၊ ယုံကြည်ချက်ကွဲများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ရသည်။
စည်းလုံးညီညွတ်မှု ပျက်ပြားလျှင် အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်သည်ကို သတိချပ် သင့်သည်။
တစ်မိုးအောက်တွင် အတူနေသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်သည်ကို မမေ့သင့်ချေ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လူဦးရေ
အရသော်လည်းကောင်း၊ နိုင်ငံအကျယ်အဝန်းအရသော် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးမှုအရသော်လည်းကောင်း
အိမ်နီးချင်းနိုင်ငံများနှင့် ကွာခြားသည်ကို သတိပြု သင့်သည်။ မဖွံ့ဖြိုးသေးသောနိုင်ငံငယ်
တစ်နိုင်ငံ အစိတ်စိတ်အမြွှာမြွှာပြိုကွဲနေလျှင် မည်သို့ဖြစ်မည်ကို တိုင်းရင်းသား ပြည်သူအားလုံး
သိရှိထားရမည်ဖြစ်သည်။ မိမိတို့၏ဘိုးဘေးများ အင်အားစုစည်းမှု၊ စည်းလုံး ညီညွတ် မှုကြောင့်
တစုတစည်းတည်းဖြစ်တည် ခဲ့သော နိုင်ငံတော်ကြီး မည်မျှအားကောင်းခဲ့သည်ကိုလည်း မမေ့သင့်ပေ။
မိမိတို့နိုင်ငံတော်ကြီး အင်အားချည့်နဲ့သွား သောကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်ခဲ့ရသည်
ကိုလည်း သင်ခန်းစာယူသင့်သည်။
အထူးသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး
အင်အားချည့်နဲ့သောကြောင့် သူ့ကျွန်ဘဝသို့ ကျရောက် ခဲ့ရသည်ကို တိုင်းရင်းသားပြည်သူအားလုံး
လက်မခံ ခဲ့ကြချေ။ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်သို့ ပြန်လည်ရရှိအောင်
တိုင်းရင်းသား ပြည်သူအားလုံးတို့ပင် အတူတကွလက်တွဲပြီး ခက်ခက် ခဲခဲ အရယူပေးခဲ့ကြသည်။
ရရှိထားသောလွတ်လပ်ရေး ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်ကိုလည်း သိရှိ ထားရမည်။
မှတ်မှတ်ရရဆိုရလျှင် လွတ်လပ်ရေးရပြီးနောက်ပိုင်း
တွင် ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ်ကို လေးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်တိုက်ခိုက်မှု ပထမအန္တရာယ်ကြောင့်
တိုင်းရင်းသားပြည်သူများ လွတ်လပ်ရေး၏အရသာကို မခံစားရဘဲ စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ကြရသည်။
၁၉၅၈ ခုနှစ်တွင် အာဏာရနိုင်ငံရေးပါတီအတွင်းမှ အကွဲအပြဲများသည် လက်နက်ကိုင်ပဋိပက္ခအထိ
ဦးတည် လာသောကြောင့် အချုပ်အခြာအာဏာ မပြိုကွဲစေရန် ဒုတိယအကြိမ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပြန်သည်။
၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုကြီးမှ ခွဲထွက်မည့်
အန္တရာယ် ပေါ်ပေါက်လာသောကြောင့် အချုပ်အခြာ အာဏာကို တတိယအကြိမ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပြန်သည်။
၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ပျက်လုခမန်း ဖြစ်ပြီး တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်
စည်းစိမ်လုံခြုံမှု၊ နိုင်ငံတော်၏ လုံခြုံမှုအတွက်သာမက နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိပါးမှုတို့တွင်ပါ
စိုးရိမ်ဖွယ်ရာအခြေအနေများ ဖြစ်လာသောကြောင့် တပ်မတော်က စတုတ္ထအကြိမ် နိုင်ငံကိုထိန်းသိမ်း
ကာကွယ်စောင့်ရှောက်ခဲ့ရပြန်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ဆိုးမွေများကြောင့်
မျက်မှောက် ကာလတွင်လည်း ပြည်တွင်းပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းသေးချေ။ ထို့ကြောင့်
ထာဝရငြိမ်းချမ်းရေး ရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြရသည်။
ယင်းဖြစ်စဉ်များအားလုံးသည် နိုင်ငံတော်နှင့်
တိုင်းရင်းသားပြည်သူများ အသက်တမျှတန်ဖိုးထား သည့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့
ခိုင်မြဲရေးအတွက် သတိချပ်သင့်သည့်၊ ဆက်လက် ဆောင်ရွက်သင့်သည့် အချက်များဖြစ်သည်။ ထို့ကြောင့်
ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲစေရန် တိုင်းရင်း သားပြည်သူအားလုံးက ညီညီညွတ်ညွတ်
စည်းစည်း လုံးလုံး အတူတကွ လက်တွဲနေထိုင်သွားကြရမည်ဖြစ် ပါသည်။ ။

No comments:
Post a Comment