ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း
အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည်
ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို
အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း
အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ
မှတ်ပုံတင်ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊
လုပ်ငန်း အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို
စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ
(၂၁-၁-၂၀၁၆)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင်
ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ (၁)ဦး ၊ ပုံနှိပ် လုပ်ငန်း အသစ် လျှောက် ထားသူ (၇)ဦး
၊ ထုတ်ဝေခွင့် သက်တမ်းတိုး(၁)ဦး ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူ ဂျာနယ် ထုတ်ဝေခွင့်
(၃)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့်(၂)ဦး၊ အထွေထွေထုတ်ဝေခွင့် (၇)ဦး ၊ ပေါင်းလုပ်ငန်း အသစ်(၁၂)ဦး
၊ တို့အားအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ ထုတ်ဝေသူ အမည်ပြောင်း
(၃) ဦးတို့ကိုလည်းခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း
နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက်သက်တမ်းတိုး(၁၀၄၁)ဦး
နှင့် အသစ်လျှောက်ထားသူ(၂၆၁)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး (၉၉၁) ဦး နှင့် အသစ်လျှောက်ထားသူ (၆၈၇)ဦး ၊ သတင်းအေဂျင်စီ
လုပ်ငန်း အသစ် လျှောက်ထားသူ (၂၅)ဦး ၊ စုစုပေါင်းပုံနှိပ်ခြင်း ၊ ထုတ်ဝေခြင်း နှင့်
သတင်းအေဂျင်စီ လုပ်ငန်း အသိ အမှတ်ပြုလက်မှတ် (၃၀၀၅)စောင် အားစိစစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ
သည်။
ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ(၁)ဦးနှင့်
မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၃)ဦး တို့အားအချက် အလက်များ စိစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါ
သည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment