ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း
ကြေညာချက်
နေပြည်တော်၊ အောက်တိုဘာ ၂၂
၁။ ၂၀၁၅
ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင်သက်သေခံ လက်မှတ်
ထုတ်ပေးသွားမည် ဖြစ်ပါသည်။
၂။ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွင်
အောက်ပါအချက်အလက်များ ဖော်ပြပါမည် –
(က) မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု
(ခ) မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်
(ဂ) အမည်
(ဃ) ကျား/မ
(င) မွေးသက္ကရာဇ်
(စ) မှတ်ပုံတင်အမှတ်
(ဆ) အဖအမည်၊ အမိအမည်
(ဇ) နေရပ်လိပ်စာ
၃။ မဲဆန္ဒရှင်သက်သေခံလက်မှတ်အား
အောက်ပါအတိုင်း ပြုစုဆောင်ရွက်ပါမည် -
(က) မဲဆန္ဒရှင်သက်သေခံလက်မှတ်အား မဲစာရင်းပါ အချက်အလက်များအတိုင်း
သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှပြုစုမည်။
(ခ) ဆန္ဒမဲပေးလိုသူများ လာရောက်ထုတ်ယူပါက ထုတ်ပေးမည်။
(ဂ) မဲဆန္ဒရှင်သက်သေခံလက်မှတ်များအား ၂၀၁၅ ခုနှစ်၊
နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ
ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးမည်။
မှတ်ချက်။ (၁)သက်သေခံလက်မှတ်ထုတ်ယူခြင်းမပြုဘဲ ပုံမှန်အတိုင်း
မဲပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည်။
(၂) သက်သေခံလက်မှတ်
ပျောက်ဆုံးသွားကလည်း ပုံမှန်မဲပေးပုံစနစ် အတိုင်း မဲပေး နိုင်သည်။
(၃) ဆန္ဒမဲပေးပြီးပါက
မဲဆန္ဒရှင်သက်သေခံလက်မှတ်အား ပြန်လည် အပ်နှံရမည်။
၎။ မဲဆန္ဒရှင်သက်သေခံလက်မှတ်
ထုတ်ယူခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသဖြင့် ထုတ်ယူကြရန် တိုက်တွန်းအပ်ပါသည်
–
(က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း
သေချာခိုင်လုံစေသည်။
(ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိနိုင်မည်။
(ဂ) မဲစာရင်းအမှတ်စဉ်ဖော်ပြထားသဖြင့် မဲစာရင်းစိစစ်
လက်မှတ်ရေးထိုးရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာတွင်လည်းကောင်း လွယ်ကူမြန်ဆန်စေမည်။
(ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့်
အထောက်အထားပြသနိုင်မည်။
(င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
No comments:
Post a Comment