Friday, October 23, 2015

မြန်မာနိုင်ငံဘေးအန္တရာယ် ထိခိုက်ခြေ လျော့ချရေးစီမံချက် အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ



ထားဝယ် အောက်တိုဘာ ၂၂
ဝေါလ်ဗီရှင်မြန်မာမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်များတွင် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည့် မြန်မာနိုင်ငံ ဘေးအန္တရာယ် ထိခိုက်ခြေလျော့ချရေး စီမံချက် အသိပညာပေး ဆွေးနွေးခြင်း၊ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဉီးသန်းအောင် က အဖွင့်အမှာစကား ပြောကြားပြီး World Vision (Myanmar) တနင်္သာရီဇုန် မန်နေဂျာ ဒေါက်တာတင်ထွန်းဝင်း က တိုင်းဒေသကြီး အတွင်း လုပ်ဆောင်နေသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် World Vision (Myanmar) စီမံချက် မန်နေဂျာ ဒေါ်ဖြိုးဇင်မာဝေ က ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်အတွင်း လုပ်ဆောင်မည့် စီမံချက်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေး ပညာပေးမှတ်တမ်း ဗီဒီယိုပြသခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးခြင်းများ ပြုလုပ်ကြောင်း အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းအောင်၊ တိုင်းအဆင့်ဌာနဆိုင်ရာ များ၊ World Vision (Myanmar)မှ တာဝန်ရှိသူများ၊ NGO အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး ပြန်/ဆက်ဉီးစီးဌာန

No comments:

Post a Comment