စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်အတွင်းရှိ ကြက်/ငုံး မွေးမြူရေးခြံများတွင် (၁ဝ-၂-၁၅) ရက်မှစ၍ ကြက်/ငုံးများ စတင်သေဆုံးခဲ့သောကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ H5N1 ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ရောဂါဖြစ်ပွားမှုအား လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် ဦးစီး ဌာနမှ ရောဂါဖြစ်ပွားနေသည့် ကြက်များအား သုတ်သင်ခြင်း၊
ဇီဝလုံခြုံရေးအား ပိုမိုမြှင့်တင်ဆောင်ရွက်ခြင်း၊ ပညာပေးရေး ဟောပြောပွဲများပြုလုပ်ခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ထိုသို့သောဖြစ်ပွားမှုမျိုးအား အခြားသော တိုင်းဒေသကြီး/ပြည်နယ်များတွင် ကြက်ငှက်များတွင်သာမက လူသို့ကူးစက်မှုမရှိစေရန် အတွက် အောက်ပါ အချက်အလက်များအား လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါသည်။
(က) ဆောင်းခိုငှက်များနှင့်အိမ်မွေး ကြက်၊ ငှက်၊ ဘဲ၊ ငုံးများ ဆက်စပ်ထိတွေ့မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်။
(ခ) ကြက်၊ ဘဲ၊ ငုံးစသည့်ကြက်ငှက်မွေးမြူရေးခြံများ၏
ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်။
(ဂ) ကြက်ငှက်မွေးမြူရေးခြံများနှင့် ကြက်ဘဲအရှင် ဈေးကွက်များတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ခြံပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်
မွေးမြူရေးခြံသုံး ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ရန်။
(ဃ) ကြက်ခြံအတွင်းသို့ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊ ကြက်ငှက်များကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့်လက်ဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်။
(င) ကြက်ငှက်အသား၊ ဥစသည်တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်။
(စ) ကြက်ငှက်များ ရုတ်တရက်သေဆုံးကြောင်းသိရှိရပါက
နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့သို့
ချက်ချင်းသတင်းပို့ရန်။
(ဆ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာန
No comments:
Post a Comment