Thursday, March 5, 2015

အေးသုခစေတီတော်အား ရွှေထီးတော် တင်လှူပွဲကျင်းပ





မင်းတပ်   မတ်လ
၂၀၁၅ခုနှစ်၊ မတ်လ (၄)ရက်နေ့ တပေါင်းလပြည့်နေ့၌ မင်းတပ်မြို့နယ်၊ မကြန်းကျေးရွာ သီရီမင်္ဂလာဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ အေးသုခစေတီတော်အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာကို ယနေ့နံနက် (၀၉၀၀)နာရီတွင် ပြုလုပ်သည်။

အဆိုပါ အလှူတော်မင်္ဂလာကို မန္တလေးမြို့နေ ဦးကြည်တိုး၊ ဒေါ်ညွန့်ကြည် (တက်နေဝင်းမိသားစု)မှ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဇလပ်နီဗုဒ္ဓသာသနာစီမံကိန်းမှ တိုင်းရင်းသားများ လူနေမှုတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါကျောင်း အား ဖွင့်လှစ်ပြီး စက်ချုပ်၊ ယက္ကန်းနှင့် ဆိုင်ကယ်ပြုပြင်ခြင်း စသည့်ပညာများကို သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ အလှူမင်္ဂလာတွင် ကျေးရွာနေပြည်သူများအတွက် "ဟာသအငြိမ့်"ကို ငှားရမ်း၍ ၂၀၁၅ ခုနှစ် မတ်လ (၃)ရက် နေ့ညနှင့် (၄)ရက်နေ့ည နှစ်ညဖျော်ဖြေရေး အစီအစဉ်ရှိကြောင်း သိရသည်။

No comments:

Post a Comment