ကော့သောင်း ၊ မတ်လ ၃ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊
ငခင်ညိုကြီးကျွန်း (Bouldre Island) ပေါ်တွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်း အကောင်အထည်ဖေါ်
ဆောင်ရွက်ရေး ကနဦး ပတ်ဝန်ကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Initial Environmental
Examination ) လုပ်ငန်းများဆောင်ရွက်ရန် စီမံကိန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့်
တွေ့ဆုံဆွေးနွေးပွဲ (Stakeholder Metting) တစ်ရပ် မတ်လ ၃ ရက် နံနက်ပိုင်းက ကော့သောင်းမြို့
ဂါးဒင်း ဟိုတယ်ခန်းမတွင် ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်
အုပ်ချုပ်ရေးမှူး ဦးကျော်ဇာနည်လွင်က အမှာစကား ပြောကြားပြီး United Hotel and
Resort Co;Ltd မှ အထွေထွေမန်နေဂျာဦးသိင်္ဂါ မှ စီမံကိန်းနှင့်ပတ်သက်သည်များ ရှင်းလင်း
ပြောကြားသည်။
ဆက်လက်၍ E Gurd Environmental
Service Co;Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟ မှ စီမံကိန်းနှင့် ကနဦး ပတ်ဝန်းကျင်
ထိခိုက်မှု ဆန်းစစ်ခြင်း( Initial Environmental ExaminationIEE) လုပ်ငန်းများ နှင့်ပတ်သက်၍
အကျယ်တ၀င့် ရှင်းလင်းတင်ပြ ရာတက်ရောက်လာသည့် စီမံကိန်းနှင့်ပတ်သက် သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ
၏ မေးမြန်းချက်များ၊ သဘောထားမှတ်ချက် အားပြန်လည်ရှင်းလင်းပြောကြားမှတ်တမ်းတင် သည်။
အဆိုပါ စီမံကိန်းအားကော့သောင်းမြို့ အနောက်
မြောက်ဖက် ရေမိုင် (၄၃)မိုင်အကွာ ၊မြောက်လတီကျူ -၁၀ံ၂၇’ ၊ အရှေ.လောင်တီကျု - ၉၇ံ ၅၂’
ရှိ ငခင်ညိုကြီးကျွန်း (Bouldre Island) ပေါ် ရှိမြေဧရိယာ (၂၀)ဧကပေါ်တွင်
Resortအမျိုးအစားအပန်းဖြေဟိုတယ် စီမံကိန်းအားတိုင်းရင်းသားပိုင် ဟိုတယ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့်
United Hotel and Resort Co;Ltdမှ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံ ၍ သဘာဝကို ချစ်မြတ်နိုးသော
ခရီးသွား ဧည့်သည်များ အနားယူအပန်းဖြေနိုင်ရေး ၊ ခရီးသွားလုပ်ငန်း/ဟိုတယ် resort လုပ်ငန်းများ
ကဏ္ဍမှနိုင်ငံ အတွက် ၀င်ငွေတိုးပွားရရှိစေရေး ၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ
တိုးတက်ပေါ်ပေါက်၍ ဒေသနေ
ပြည်သူများ အဆင်ပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပါပူးတွဲလုပ်ဆောင်
၍၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍(၂) နှစ်အတွင်း အပြီး အကောင်အထည်ဖေါ် တည်ဆောက် သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။






No comments:
Post a Comment