Friday, March 6, 2015

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယက အဖွဲ့ ၏ လက်ပံတန်းမြို့တွင် ကျောင်းသားအဖွဲ့များနှင့် ရောက်ရှိ ပူးပေါင်းနေသည့် သံဃာတော်အချို့အား မေတ္တာရပ်ခံချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယက အဖွဲ့ ၏ လက်ပံတန်းမြို့တွင် ကျောင်းသားအဖွဲ့များနှင့် ရောက်ရှိ ပူးပေါင်းနေသည့် သံဃာတော်အချို့အား မေတ္တာရပ်ခံချက်
၎-၃-၂၀၁၅ (ဗုဒ္ဓဟူးနေ့)
ကျောင်းသားသပိတ်ဆင်နွှဲရာတွင် ပါဝင်နေကြသော ရဟန်းသာမဏေအပေါင်းတို့ ဘုရား-
၁။         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့သို့ ဦးတည် ချီတက် ဝင်ရောက်ရန် ပြင်ဆင်နေကြသော ကျောင်းသားအစုအဖွဲ့နှင့် ပူးပေါင်း၍ ဆန္ဒဖော်ထုတ်ကာကွယ်မှု ပြုလုပ်ပေးနေသော ရဟန်းသာမဏေ အချို့အနေဖြင့်နိုင်ငံတော်အတွက်လည်းကောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ် သားကောင်းရတနာ များအတွက်လည်းကောင်း၊ ကောင်းမွန်ဆီလျော်သည့် ပညာရေးဥပဒေစနစ် ပေါ်ထွက်လာစေလိုသော ဆန္ဒမွန်များရှိနေသည်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့များနည်းတူသာဓု ခေါ်ဆိုပါသည် ဘုရား။
၂။         သို့သော် ယခုအခါ အမျိုးပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေး ပါတီများနှင့် စိတ်ပါဝင်စားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ National Metwork for Education Reform (NNER) နှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များကို ပါဖိတ်ခေါ်၍ လွှတ်တော်အသီးသီးတွင်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးတော့မည်ဖြစ်ရာ
(က)      တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊
(ခ)        သံဃာတော်များအကြား သဘောထားကွဲလွဲမှု မရှိစေရေးအပြင် အစိုးရ (ဓမ္မာစရိယ/ပထမပြန်) ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုတော်မူကြမည့် စာဖြေသံဃာတော်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေး
(ဂ)        ပြည်သူများ အကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသော စိုးရိမ်သောကများ မရှိစေရေး တို့အတွက် လက်ပံတန်းမြို့တွင် ကျောင်းသားအစုအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းမှု မပြုတော့ဘဲ မိမိတို့ သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည် ကြွရောက်၍ သာသနာ့တာဝန်ထမ်းဆောင်ပြီး ဂန္တဓုရ၊ ဝိပဿနဓုရ တို့ကို ဆက်လက်ကြိုးစားအားထုတ်ကာ သာသာနာ့ တာဝန်များကိုသာ ထမ်းဆောင်ပေးတော်မူကြပါရန် ရိုသေစွာ မေတ္တာရပ်ခံလျှောက်ထား အပ်ပါသည်ဘုရား။

ဘဒ္ဓန္တကုမာရ (သုဓမ္မာ)
ဘဒ္ဓန္တသုန္ဒရ(ဝေဠုဝန်)
ဘဒ္ဓန္တဉာဏီက(မူလဒွါရ)
“မဟာသဒ္ဓမဇောတိကဓဇ”
ဥက္ကဌဆရာတော်
ဥက္ကဌဆရာတော်
ဥက္ကဌဆရာတော်




ဘဒ္ဓန္တဉာဏိက(ရွှေကျင်)
ဘဒ္ဒန္တဝရသာမိ(မဟာဒွါရ)

အဖွဲ့ဝင်ဆရာတော်
ဥက္ကဌဆရာတော်



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃ နာယကအဖွဲ့

No comments:

Post a Comment