Friday, March 6, 2015

“လူငယ်နှင့်ငြိမ်းချမ်းရေး” သင်တန်းနှင့် ဖိုရမ် ကျင်းပ

ထားဝယ် မတ် ၅
မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်လျှက်ရှိသော နိုင်ငံတည်ဆောက်ရေး (State Building)၊ အမျိုးသား သွေးစည်း ညီညွှတ်မှု တည်ဆောက်ရေး (Nation Building)၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး (Peace Building)တို့တွင် အဓိကအကျဆုံးဖြစ်သည့် ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Peace Center ၏ လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များကို
ပြည်သူလူထုသို့ ဖြန့်ဝေပေး နိုင်ရန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတည်ဆောက်ရေး ဖြစ်စဉ်တွင် လက်ရှိ ဖော်ဆောင်လျှက်ရှိသော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၏ အကျိုးသက်ရောက်မှုနှင့် လက်တွေ့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မြန်မာ့လူ့အဖွဲ့အစည်းများ အနေဖြင့်ဝိုင်းဝန်း စဉ်းစား အဖြေရှာနိုင်ရန်၊ ငြိမ်းချမ်း ညီညွှတ်သော မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ်သို့ ဦးတည်ချီ တက်နိုင်ရန် လူငယ်ထုတစ်ရပ်လုံး အနေဖြင့် အခန်းကဏ္ဍအသီးသီးတွင် နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်နိုင်ရန်၊ ရည်ရွယ်၍ Myanmar Peace Center မှဦးစီး၍လူငယ်နှင့် ငြိမ်းချမ်းရေးသင်တန်းနှင့် ဖိုရမ်ကို ယနေ့နံနက် ၀၉း၀၀ နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown ခန်းမပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ (MPC)မှ အကြံပေးပညာရှင်များဖြစ်သော ဦးတင်မောင်သန့်၊ ဦးလှရွှေမောင်၊ ဒေါက်တာကျော်ရင်လှိုင်၊ (တိုင်းဒေသကြီး/ခရိုင်/မြို့နယ်)များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၁၇၀)ဦးခန့် တတ်ရောက်သည်။
သင်တန်းတွင် (MPC)မှ အကြံပေးအရာရှိ ဦးတင်မောင်သန့်က ထားဝယ်မြို့လူငယ်နှင့်ငြိမ်းချမ်းရေး ဖိုရမ်ပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန Myanmar Peace Center မှစီစဉ်သော “လူငယ် နှင့်ငြိမ်းချမ်းရေး” သင်တန်းနှင့်ဖိုရမ်ကို မတ်လ(၅)ရက်နေ့မှ(၈)ရက်နေ့ အထိ(၄)ရက်ကို(MPC)မှအကြံပေး ပညာရှင်များ ဖြစ်သော ဦးတင်မောင်သန့်၊ ဦးလှရွှေမောင်၊ ဒေါက်တာကျော်ရင်လှိုင်တို့က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချိတ်စက်တင်ပြခြင်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ခံအကြောင်းအရာများနှင့် လားရာကို သုံးသပ်ခြင်း၊ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် Myanmar Peace Center ၏အခန်းကဏ္ဍ မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်ခြင်း၊ ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ မြန်မာနိုင်ငံတော်သစ်ကို ပုံဖော်ခြင်း၊ တက်ကြွလှုပ်ရှားသောလူ့ အဖွဲ့အစည်းအဖြစ်သို့ မောင်းနှင်းခြင်း၊ Advocacy ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံအခြေအနေနှင့် နိုင်ငံတကာ ရှုထောင့်မှလေ့လာခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေး ငြင်းခုံမှုများ၊ ၂ ၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံကျသောအချက်များကို ဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment