Friday, March 6, 2015

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယက အဖွဲ့ ၏ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ရန်ပြင်ဆင်နေသည့် အနာဂတ် မြန်မာ့ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသို့ မေတ္တာရပ်ခံချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃနာယက အဖွဲ့ ၏ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ရန်ပြင်ဆင်နေသည့် အနာဂတ် မြန်မာ့ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသို့ မေတ္တာရပ်ခံချက်
၎-၃-၂၀၁၅
ကျောင်းသားသပိတ်ဆင်နွှဲရာတွင် ပါဝင်နေကြသော ရန်ကုန်မြို့သို့ဦးတည်ချီတက်ရန် ပြင်ဆင်နေသည့် အနာဂတ် မြန်မာ့ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ အပေါင်းတို့
၁။         စည်းလုံးတည်ငြိမ် ညီညွှတ်မှု ရှိပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ရှေးရှုကြိုးပမ်းဆောင်ရွက်ကြရာတွင် ကောင်းမွန် ဆီလျော်သည့် ပညာရေး ဥပဒေများ ပြဌာန်းနိုင်ရေးသည် အရေးးပါသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ လက်ရှိကာလတွင် (၃၀-၉-၂၀၁၄) ရက်နေ့က ပြဌာန်းခဲ့သော အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့တွင် ဆွေးနွေး အတည်ပြုရန် ပြင်ဆင်ဆောင်ရွက်နေကြသည်တို့ကို တွေ့ရှိရပါသည်။
၂။         အဆိုပါ အခြေအနေမျိုး ဖြစ်ပေါ်လာရေးအတွက် စတင်လှုပ်ရှားဆောင်ရွက်ခဲ့သော ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင် ကော်မတီနှင့် ကျောင်းသားအစုအဖွဲ့များ၏ အခန်းကဏ္ဍကိုလည်း ကောင်းမွန်စွာ အသိအမှတ် ပြုပါသည်။
၃။         ယခုအခါ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေး ပါတီများနှင့် စိတ်ပါဝင်စားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ National Network for Education Reform (NNER)နှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များကိုပါ ဖိတ်ခေါ်၍ လွှတ်တော် အသီးသီးတွင် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးတော့မည်ဖြစ်ရာ -
(က)      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ လက်ပံတန်းမြို့မှ ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ဝင်ရောက်ရန် ပြင်ဆင်နေသော ကျောင်းသား အစုအဖွဲ့အနေဖြင့် ဖြစ်စေလိုသည့် အခြေအနေများ ငြိမ်းချမ်းအောင်မြင်မှု ပြည့်ဝစွာ ရရှိရေး၊
(ခ)        တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ညီငယ်၊ ညီမငယ် ကျောင်းသား/ကျောင်းသူ များ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊
(ဂ)        ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဟူသော စိုးရိမ်သောကများ မရှိစေရေးတို့အတွက် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှု မပြုဘဲ မိမိတို့၏ မိဘရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခိုလှုံပြီး ပေါ်ထွက်လာမည့် ရလာဒ်ကောင်းများအား စောင်းကြည့်ကြသင့်ပါကြောင်း လေးလေးနက်နက် မေတ္တာရပ်ခံ အပ်ပါသည်။

ဘဒ္ဓန္တကုမာရ (သုဓမ္မာ)
ဘဒ္ဓန္တသုန္ဒရ(ဝေဠုဝန်)
ဘဒ္ဓန္တဉာဏီက(မူလဒွါရ)
“မဟာသဒ္ဓမဇောတိကဓဇ”
ဥက္ကဌဆရာတော်
ဥက္ကဌဆရာတော်
ဥက္ကဌဆရာတော်




ဘဒ္ဓန္တဉာဏိက(ရွှေကျင်)
ဘဒ္ဒန္တဝရသာမိ(မဟာဒွါရ)

အဖွဲ့ဝင်ဆရာတော်
ဥက္ကဌဆရာတော်


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံ တိုင်းသံဃ နာယကအဖွဲ့

No comments:

Post a Comment