နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
ရဲဘော်ကြင်မောင်ရေးသားသည့် “ပြည်သူ့အာဏာဆောင်းပါးများ (၂၀၀၉-၂၀၁၃)” စာအုပ်အား
တရားရုံးမှ ယာယီတား ၀ရမ်း ထုတ်ဆင့်လိုက်ခြင်း
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထုတ်ဝေသူ ဦးချစ်ညွန့် (ဇင်ရတနာစော စာပေ)က သုခရွှေစင်ပုံနှိပ်တိုက်တွင်
ပုံနှိပ်ပြီး နှင်းဆီနီစာပေမှဖြန့်ချိသည့် ရဲဘော် ကြင်မောင်ရေးသားသော “ပြည်သူ့အာဏာဆောင်းပါးများ(၂၀၀၉-၂၀၁၃)”
စာအုပ်သည် တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း၊ သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၄၂ အရ မြွက်ဟကြေညာ
ပေးစေလိုမှုနှင့် ၎င်းစာအုပ်အား ထုတ်လုပ်ဖြန့်ချိခြင်း မပြုရေးအတွက် တရားမကျင့်ထုံး ဥပဒေ
အမိန့် ၃၉၊ နည်း(၁)အရ တားဝရမ်း ထုတ်ပေးစေလိုမှု တို့ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက တရားလိုပြုလုပ်၍
(၂၂-၁-၂၀၁၅)ရက်နေ့တွင် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးသို့ ၂၀၁၅ ခုနှစ်၊ တရားမကြီးအမှု
အမှတ်-၃၂ ဖြင့် အဆိုလွှာ တင်သွင်း၍ ဦးတိုက်လျှောက် ထားခဲ့ပါသည်။
ထိုသို့လျှောက်ထားလာခြင်း အပေါ် ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက အဆိုပါစာအုပ်အား
တရားမဝင် ထုတ်ဝေစာ မဟုတ်ကြောင်း အမိန့်တစ်စုံတစ်ရာ မချမှတ်မီ ဖြန့်ချိခြင်းမပြုရန်
ယာယီတားဝရမ်း ထုတ်ဆင့်လိုက် ကြောင်း (၂၀-၂-၂၀၁၅)ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပါသဖြင့်
စာပေပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment