Friday, February 20, 2015

(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ဌာနဆိုင်ရာ/မြို့နယ် ပြခန်းများနှင့် မုခ်ဦးဖွင့်ပွဲကျင်းပ





ဟားခါး ဖေဖော်ဝါရီ ၁၉
၂၀၁၅ခုနှစ်၊ (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ဌာနဆိုင်ရာ/ မြို့နယ်ပြခန်းများနှင့် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းတည့်(၁၂)နာရီက ဟားခါးမြို့ ၀မ္မသူးမောင် အားကစားကွင်းအ၀င် အဆိုပါ မုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်များမှ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များ၊ ဖတ်ကြားထားသော ဧည့်သည်တော်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက အ၀င်မုခ်ဦးတွင် နေရာယူကြပြီး ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာနှင့် ပန်းပွားအက တို့ဖြင့် တီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ၊ မြို့နယ်ပြခန်းများနှင့် မုခ်ဦးကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ပြည်နယ် ၀န်ကြီးချုပ်ဦးဟုန်းငိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဟောက်ခင်ခမ်း၊ ချင်းအမျိုးသားတပ်ဦးမှ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာ ရွှေခါရ်း နှင့် မြို့မိမြို့ဖ ဒေါ်ရွှေထလွဲတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် တက်ရောက် လာကြသော ဧည့်သည်တော်များက ဌာနဆိုင်ရာနှင့် မြို့နယ်ရိုးရာ ယဉ်ကျေးမှုပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment