ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်
( ၃
/ ၂၀၁၅ )
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ
၅ ရက်
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၂ ရက်
အမျိုးသားပညာရေးဥပဒေ
ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက်
၁။ နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်
ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ပြည်သူများအပိုင်းမှလည်း တာဝန်သိသိဖြင့်
ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ သဖြင့် အောင်မြင်သင့်သလောက် အောင်မြင်မှုများ ရရှိခဲ့ကြပါသည်။
၂။ တိုင်းပြည်
တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်
ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၃။ မိမိတို့နိုင်ငံအနေဖြင့်
ဆူပူအကြမ်းဖက်မှုများကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်ခဲ့ရပြီး အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှု
များ ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာများကို မိမိတို့နိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့ရပြီး
ဖြစ်ပါသည်။
၎။ ဒီမိုကရေစီစနစ်
ကျင့်သုံးရာတွင် နိုင်ငံသားတိုင်းသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်
အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တာဝန်များကိုလည်း လေးစား
လိုက်နာကြရမည် ဖြစ်ပါသည်။
၅။ ယခုအခါ
အမျိုးသားပညာရေးဥပဒေကို အကြောင်းပြုပြီး နေရာဒေသအချို့တွင် ဥပဒေနှင့် မညီညွတ် သော ဆန္ဒပြမှုများ
ပြုလုပ်နေကြပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ကျောင်းသား
များ၏ စစ်မှန်သောပညာရေးဆိုင်ရာဆန္ဒများကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် လွှတ်တော်သို့
တင်ပြ၍ ဆောင်ရွက်ပေး နိုင်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၆။ ပညာရေးဆိုင်ရာ
ကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန် ကျောင်းသား လူငယ်များကို အသုံးချ၍
ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ၊ အားပေးအားမြှောက်
ပြုနေသည့် နိုင်ငံရေးအဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရပါသည်။
၇။ သို့ပါ၍
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို လိုလားကြသော ရဟန်းရှင်လူ ပြည်သူများ၊ နိုင်ငံရေး
အဖွဲ့အစည်း များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ
အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် မိမိတို့
အစိုးရအဖွဲ့နှင့် အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန၏
ကြေညာချက်
၁။ အမျိုးသားပညာရေးဥပဒေနှင့်
ပတ်သက်၍ ဆန္ဒပြနေမှုများ ရှိနေသဖြင့် မိဘပြည်သူများသည် မိမိတို့ ရင်သွေး ကျောင်းသူကျောင်းသားများ၏
စာမေးပွဲများအတွက် စိုးရိမ်ကြောင့်ကြမှုရှိနေကြကြောင်း သိရှိနေရပါသည်။
၂။ အေးချမ်းစွာပညာသင်ကြားရေးနှင့်
အမျိုးသားပညာရေး မြင့်မားတိုးတက်ရေး ဦးတည်လျက် နိုင်ငံတော် သမ္မတ သည် ပြည်ထောင်စုလွှတ်တော်က
ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေး လွှတ်တော်သို့
သ၀ဏ်လွှာပေးပို့ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
ကြမ်းအား ပြုစုတင်ပြရန် ပြန်လည်ပေးပို့လာသည့်အတွက် ညှိနှိုင်းပြင်ဆင်ပေးပို့ ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ ပညာရေးဝန်ကြီးဌာနက
တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာကျောင်းများတွင် ကျင်းပမည့် စာမေးပွဲ၏ အချိန်စာရင်းကို
ကြိုတင်အသိပေးကြေညာထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တက္ကသိုလ်အသီးသီး၏ စာမေးပွဲများကို
လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်းကောင်း၊ အဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲများ
ကိုလည်းကောင်း၊ ထုတ်ပြန်ကြေညာ ထားသည့် အတိုင်း မပျက်မကွက် စစ်ဆေးသွားမည်ဖြစ်ပါသည်။
၎။ မိဘပြည်သူများအနေဖြင့်
မိမိတို့ရင်သွေး ကျောင်းသူကျောင်းသားများ အေးချမ်းစွာပညာသင်ကြားရေးနှင့် စာမေးပွဲများ
ချောမောစွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ
တင်ပြ အပ်ပါသည်။
No comments:
Post a Comment