Thursday, February 5, 2015

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား Japan-Myanmar Association နှင့် Ministry of Economy, Trade and Industry (METI) of Japan တို့မှ ကိုယ်စားလှယ်အဖွဲ့များ လာရောက်တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား Japan-Myanmar Association မှ Chairman H.E. Mr. Hideo Watanabe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၈) နာရီခွဲတွင် ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး Japan-Myanmar Association မှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအနေဖြင့် ဂျပန်နိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လ (၈) ရက်မှ (၁၀) ရက်အထိကျင်းပမည့် SMEs Seminar သို့ တက်ရောက် ရန်ဖိတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား နံနက်(၉)နာရီတွင် Ministry of Economy, Trade and Industry (METI) of Japan မှ Deputy Director General ဖြစ်သူ Mr. Yasuhiko YOSHIDA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီး၏ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍနှင့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကူညီထောက်ပံ့နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment