ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများ
နှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက် မှုအန္တရာယ်မှ ကင်းဝေးစေရန်၊
ဓာတ်အားပြတ်တောက် မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သောသစ်ပင်၊
သစ်ကိုင်း များ၊ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း
လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ
သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၁၇-၁-၂၀၁၅ ရက်နေ့တွင် ရွှေပေါက္ကံ၊
မြောက်ဥက္ကလာပ၊ ဒဂုံ(အရှေ့)၊ ဗိုလ်တထောင်၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဗဟန်း၊ လမ်းမတော်၊
လသာ၊ ကမာရွတ်၊ အလုံ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ ဒဂုံ၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊
လှိုင်၊ ကျောက် တန်း၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊
လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင် အချို့နှင့်
စက်မှုဇုန်အချို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်း
လင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အချိန် ပိုင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။
ထို့အပြင် ၁၈-၁-၂၀၁၅ ရက်နေ့တွင် လမ်းမတော်၊
စမ်းချောင်း၊ ကမာရွတ်၊ လသာ၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊
လှည်းကူး၊ ထောက်ကြန့်၊ ဖောင်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့်
စက်မှုဇုန်အချို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း လည်းကောင်း၊ မွန်းတည့်
၁၂ နာရီမှ ညနေ ၄ နာရီအတွင်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်ရန်အတွက် အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။
ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်း
ဆောင်ရွက်ရခြင်းသည် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ
ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားစနစ်ပိုမိုစိတ်ချရမှုအတွက်
မဖြစ်မနေ ဆောင် ရွက်ရန်လိုအပ်သည့် လုပ်ငန်းဖြစ်ပါသောကြောင့် ဓာတ် အား ခေတ္တပြတ်တောက်ခြင်းအား
သည်းခံပေးကြပါရန် နှင့် ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ်
နားလည်ခွင့်လွှတ်ပါရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က အများပြည်သူသို့
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
(ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့)
No comments:
Post a Comment