Friday, January 16, 2015

အမ်ပီတီ၏ ဆွေသသဟာဝန်ဆောင်မှု အသုံးပြုသူ တစ်သန်းရှိပြီဟုဆို



ရန်ကုန်  ဇန်နဝါရီ  ၁၅
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆက်သွယ်ရေးအော်ပရေတာ(အမ်ပီတီ) ၏ ဝန်ဆောင်မှုအသစ်ဖြစ် သည့် ဆွေသ ဟာ ဝန်ဆောင် မှုအစီအစဉ်ကို ဇန်နဝါရီ ၁၂ ရက်က စတင်မိတ်ဆက်ခဲ့ပြီး သုံးရက်အတွင်း အဆိုပါဝန်ဆောင်မှု အသုံးပြု သူ တစ်သန်းရှိပြီဖြစ်ကြောင်း အမ်ပီတီမှ သိရသည်။ ပုဂ္ဂလိကဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်သည့် တယ် လီနောနှင့် အော်ရီဒူး တို့က ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ဝန်ဆောင်မှုပေးချိန် တွင် အမ်ပီတီက တစ်မိနစ်လျှင် ၃၅ ကျပ် ကျသင့်မည်ဖြစ်၍ ဖုန်းအသုံးပြုသူများ ကြားတွင် ဝေဖန်မှုများရှိခဲ့သည်။

ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ကျပ် ၅၀ မှ ၃၅ ကျပ်သို့ လျှော့ချခြင်း၊ သတင်းတိုပေးပို့မှုတစ်စောင်လျှင် ၁၅ ကျပ်နှုန်းကောက် ခံခြင်းနှင့် မြန်နှုန်းမြင့် အင်တာနက်အသုံးပြုခွင့်ရရှိခြင်းစသည့် ဝန်ဆောင်မှုနှုန်းထားအသစ်များ ပါဝင်သည့် ဆွေသဟာ အစီအစဉ် ကို ဝေဖန်မှုများရှိနေသည့်ကြားမှပင် အသုံး ပြုသူ တစ်သန်းကျော်ရှိကြောင်း အမ်ပီတီ၏ လူမှုကွန် ရက် စာမျက်နှာ တွင် ဖော်ပြထားသည်။
အမ်ပီတီ၏ ဆွေသဟာအစီအစဉ်တွင်ပါရှိသည့် ဝန်ဆောင်မှုဖြစ်သည့် လူတိုင်းတတ်နိုင်မည့် တန်ဖိုးနည်း ငွေဖြည့်ကတ် အစီအစဉ်များ၊ ဖုန်းကတ် အသစ်လဲရာတွင် လွယ်ကူပြီးအကုန်အကျနည်းပါးမှုနှင့် ယင်းအစီအစဉ် အသုံးပြု သူများ ထပ်ဆောင်း ရရှိမည့် အခမဲ့ဝန်ဆောင်မှုများအပေါ်တွင် စိတ်ကျေနပ် မှုရှိကြကြောင်း အမ်ပီတီ ဖုန်းကတ်အသုံးပြုသူများက ဆိုကြသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လကတည်းက ဂျပန်နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် KDDI ?Sumitomo တို့နှင့် အကျိုးတူ ပူးပေါင်းခဲ့ရာ အမ်ပီတီနှင့် မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ် လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

No comments:

Post a Comment