နေပြည်တော် ဇန်န၀ါရီ ၁၅
ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည့် အစ္စရေးနိုင်ငံ
လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး မစ္စတာ ယိုင်ရှာမီရ်
ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်
သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာနှင့် အရင်းအနှီးများ ရင်းနှီး မြှုပ်နှံနိုင်ရေး၊
ရေအရင်းအမြစ်များ ထိန်းသိမ်း အသုံးချနိုင်ရေး၊ သီးနှံများစိုက်ပျိုးပြီး တန်ဖိုးမြှင့်
ထုတ်လုပ်၍ ပို့ကုန်အဖြစ် နိုင်ငံတကာ သို့ တင်ပို့နိုင်ရေးနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးတို့ကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဦးအုန်းသန်းနှင့် ဒေါက်တာအောင်မြတ်ဦး တို့တက်ရောက်
ကြပြီး အစ္စရေးနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး
နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံ အမတ်ကြီး မစ္စတာ ဒယ်နီယယ်ဇွန်ရှိုင်း
လည်း တက်ရောက် သည်။
No comments:
Post a Comment