Thursday, July 25, 2013

ပြည်သူအများသိရှိရန် ကြေညာခြင်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး (ရွှေပြည်သာမဲဆန္ဒနယ်) က ပြည်သူ့လွှတ်တော်သို့ တင်သွင်းထား ရှိသော “၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို
ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက် လျက်ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုပါက ၂၈-၇-၂၀၁၃ ရက်နေ့မှ ၃၁-၇-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီအတွင်း နေပြည်တော်၊ လွှတ်တော်ဝင်း အတွင်းရှိ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ ရေးရာဆောင် အမှတ်(အိုင်-၂)၊ ဖုန်းအမှတ် ၀၆၇- ၅၉၁၃၅၉ သို့ လူကိုယ်တိုင်လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ

No comments:

Post a Comment