Thursday, July 25, 2013

ပြည်သူအများသိရှိရန် ကြေညာခြင်း

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားရှိသော  “၂၀၁၃ ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး ဆောင်ရွက် လျက်ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်၍
အကြံပြု ဆွေးနွေးလိုပါက ၃၀-၇-၂၀၁၃ ရက်နေ့မှ ၅-၈-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီအတွင်း နေပြည်တော်၊ လွှတ်တော်ဝင်း အတွင်းရှိ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရေးရာဆောင် အမှတ် (အိုင်-၁၂) ဖုန်းအမှတ် ၀၆၇-၅၉၁၄၈၉ သို့ လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ

No comments:

Post a Comment