Thursday, July 25, 2013

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် အလုပ်သမားများအား သင့်လျော်ကောင်းမွန် သည့် အလုပ်အကိုင်များတွင် နေရာချထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခံနိုင်ရန် အသိပေးနှိုးဆော်ခြင်း

အလုပ်သမား၊ အလုပ်အကိုင်နိုင် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံသား အလုပ်သမားများအား သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၉ ရက်မှ စ၍ အလုပ်လာရောက် လျောက်ထားသူ ၅၇၅ ဦးအနက် ကျား ၄၂၆ ဦး၊ မ ၁၀၄ ဦး စုစုပေါင်း ၅၃၀ အား အလုပ်ခန့် ထား ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍လည်း အလုပ်အကိုင် နေရာများအတွက် ဆက်လက်စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင်  နံနက် ၉နာရီမှ စတင်၍ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃) ရပ်ကွက်မြနန္ဒာလမ်း အမှတ် (၂၉၈) ရှိ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန အလုပ်သမားများ လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း တွင် ပြည်တွင်းကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ခန့် ထားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် အထက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ် သတင်းပေးပို့လူတွေ့ စစ်ဆေးနိုင်ရန်နှင့်  တိုင်းဒေသကြီး /ပြည်နယ်များရှိ အလုပ်သမားများ အနေဖြင့်လည်း ဒေသအတွင်း အလုပ် အကိုင်နေရာများတွင် လုပ်ကိုင်နိုင်ရေး အတွက် လည်း ပြည်နယ်/တိုင်း ဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေကကြီး/ပြည်နယ်/ခရိုင်/မြို့နယ်) ရုံးများသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန

No comments:

Post a Comment