Wednesday, July 3, 2013

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ယာဉ်နံပါတ်များ ပြောင်းလဲသတ်မှတ်ခြင်း

တိုင်းဒေသကြီး/ပြည်နယ်များတွင် မှတ်ပုံတင်ထားသည့် ယာဉ်စာရင်းဇယားများ မှန်ကန်ရေး၊ ယာဉ်အရေအတွက် ထိန်းသိမ်းနိုင်ရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွါးရေး၊ လူမှုရေး လိုအပ်ချက်များ ထိရောက်စွာ အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးများ ရည်ရွယ် လျှက် မော်တော်ယာဉ်နံပါတ်ပြားများပေါ်တွင် ဒေသသင်္ကတ စတစ်ကာ ကပ်ခြင်းများအား ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၈) ရက် (တနင်္လာနေ့)မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် အင်္ဂလိပ်အက္ခရာ အတိုကောက် စတစ်ကာ(Sticker)များ ကပ်ပေးသွားပါမည်။

စတစ်ကာ သင်္ကေတများအဖြစ် ကချင်ပြည်နယ် (KCN)၊ ကယားပြည်နယ်(KYH)၊ ကရင် ပြည်နယ် (KYN)၊ ချင်းပြည်နယ် (CHN)၊ စစ်ကိုင်းတိုင်း(SGG)၊ တနင်္သာရီတိုင်း (TNI)၊ ပဲခူးတိုင်း (BGO)၊ မကွေးတိုင်း(MGY)၊ မန္တလေးတိုင်း(MDY)၊ မွန်ပြည်နယ်(MON)၊ ရခိုင်ပြည်နယ်(RKE)၊ ရန်ကုန်တိုင်း(YGN)၊ ရှမ်းပြည်နယ်(SHN)၊ ဧရာဝတီတိုင်း(AYY) ဟူ၍သတ်မှတ် ဆောင်ရွက်ပေးထား ပါသည်။
မူသေအမှတ်၊ ၄စ/၈၀၀၀ မှစ၍ အင်္ဂလိပ်နံပါတ်များအဖြစ် (4F-8000 စသည်ဖြင့်)၊ အငှားယာဉ် (CC-2500) မှစတင်၍ ဒေသသ‌င်္ကေတများ ရိုက်နှိပ်ဆောင်ရွက်ပေးသွားပါမည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မူသေအမှတ် ဖေါင်းကြွနံပါတ်ပြားများအား ပြုလုပ်ပေး နိုင်သည့် အလုပ် ရုံများကို ပွင့်လင်းမြင်သာစွာ အိပ်ဖွင့်တင်ဒါခေါ်ယူ၍ ဆောင်ရွက် သွားစေ ပါ မည်။
ကားများ နှစ်လဲသက်တမ်းတိုးချိန်နှင့် သတ်မှတ်ချိန်များတွင် ရုံးများအလိုက် အင်္ဂလိပ်အက္ခရာ ဂဏန်းပါ မူသေအမှတ် များ ပြောင်းလဲထုတ်ပေးသွားပါမည်။


ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ(၂) ရက်

No comments:

Post a Comment