Monday, November 23, 2026

M League II ပြိုင်ပွဲ အပတ်စဉ် (၆) နောက်ဆုံးပွဲစဉ်တွင် Asia Lion အသင်း အနိုင်ရ

 



ရန်ကုန် နိုဝင်ဘာ ၂၂

M League II 2026-2027 ပြိုင်ပွဲ အပတ်စဉ် (၆) နောက်ဆုံးပွဲစဉ်ကို ယနေ့ ညနေ ၃ နာရီခွဲက ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ Asia Lion အသင်းအနိုင်ရကာ ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်သည် အဆင့် (၉) နေရာမှ Asia Lion အသင်းက အဆင့် (၃) နေရာမှ Junior Lions အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Asia Lion အသင်းအတွက် အနိုင်ဂိုးများကို ၂၅ မိနစ်တွင် ကျော်နန္ဒ၊   ၅၃ မိနစ်တွင် သီဟဇော်နှင့် ၅၉ မိနစ်တွင် ချစ်ဆန်းကိုတို့က သွင်းယူပေးခဲ့သည်။ 

အပတ်စဉ် (၆) ပွဲစဉ်များအပြီး ရခိုင်ယူနိုက်တက်က ၁၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပြီး တက္ကသိုလ်အသင်း ၁၃ မှတ်၊ Royal Dagon ၁၂ မှတ်၊ VUE နေပြည်တော် ၁၁ မှတ်၊ Junior Lions ၁၀ မှတ်၊ ရာမညယူနိုက်တက် ၉ မှတ်၊ မနောအသင်း ၅ မှတ်၊ Elite Kings နှင့် Asia Lion အသင်းက ၄ မှတ်စီရရှိထားပြီး Enjoy Brother အသင်းက ရမှတ်မရရှိသေးပေ။

နေမျိုး၊ ဓာတ်ပုံ-MLII

No comments:

Post a Comment