Monday, November 23, 2026

ပဲခူးမြို့၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံး တည်ဆောက်သွားမည်

 



နေပြည်တော် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါရုံး တည်ဆောက်မည့် မြေနေရာ၊ လှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်းတည်ဆောက်မည့် မြေနေရာနှင့် ဘုရားကြီးဆက်သွယ်ရေးစခန်းတည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာရုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လှိုင်းနှုန်းစဉ် တိုင်းတာရေးစခန်းအတွက် ရုံး၊ စက်မှုအဆောက်အအုံနှင့် တာဝါတိုင်များ တည်ဆောက်မည့် လျာထားချက်များကို လုပ်ငန်းသဘာဝနှင့် ကိုက်ညီမည့်ဒီဇိုင်း ရေးဆွဲတည်ဆောက်ရန်၊ လျှပ်စစ်မီးနှင့် ရေရရှိရေးတို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်၊ ဆက်လက်၍ ပဲခူးမြို့တွင်း  ရှုပ်ထွေးနေသော ကေဘယ်လ်ကြိုးများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းရှင်းလင်းဆောင်ရွက်သွားကြရန်၊ အဝေးဆက်သွယ်မှုဆက်ကြောင်းများ မပြတ်တောက်စေရေး အထူးအလေးထားဆောင်ရွက်သွားရန်၊ ဆက်သွယ်ရေးဆက်ကြောင်းများ အစဉ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် အရန်ဆက်ကြောင်းများကို ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment