ရန်ကုန် နိုဝင်ဘာ ၂၂
M League 2026-2027 အပတ်စဉ် (၇) ဒုတိယနေ့ပွဲစဉ်ကို ယနေ့ ညနေ ၃ နာရီခွဲက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံစတားယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆင့် (၂) နေရာမှ ဒဂုံစတားအသင်းအတွက် အနိုင်ဂိုးများကို
ပွဲချိန် ၇ မိနစ်တွင် မွန်ကာလူး၊ ၃၅ မိနစ်တွင် ရန်ကျော်ထွေးနှင့် ၃၇ မိနစ်တွင် အောင်သီဟတို့က
သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲပြီးခါနီး
၉၀+၂ မိနစ်တွင် သူရိန်ထွန်းက သွင်းယူပေးခဲ့သည်။ ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ဒဂုံစတားအသင်းမှ
ကျော်သီဟဇော်က ရရှိခဲ့သည်။
အပတ်စဉ် (၇) တတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်တွင်
သုဝဏ္ဏကွင်း၌ ချင်းလန်းနှင့် ဧရာဝတီယူနိုက်တက်၊ စတားစီးတီးကွင်း၌
ရန်ကုန်စီးတီးနှင့် ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-ML

No comments:
Post a Comment