Friday, November 6, 2026

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ခုဖြစ်

  


နေပြည်တော် နိုဝင်ဘာ ၅

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၃) အစည်းအဝေးခန်းမ -၂ ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ(DEDC) အနေဖြင့် “မြန်မာဒီဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀” ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းပြမြေပုံသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားကြရမည့် ကိစ္စရပ်များအတွက် မဟာဗျူဟာမျှော်မှန်းချက်၊ မဟာဗျူဟာရည်မှန်းချက်လုပ်ငန်းစဉ်များ ပါဝင်၍ ဖွဲ့စည်းရေးဆွဲထားခြင်းဖြစ်ကြောင်း။

DEDC ၏ လုပ်ငန်းကော်မတီ ၄ ခုအနေဖြင့် သက်ဆိုင်သောလုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ်၊ ကာလရှည် အချိန်ဇယားများနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ခုဖြစ်ခြင်းကြောင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအနေဖြင့် တက်ညီလက်ညီဖြင့် အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ Living Document အဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သော မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) ပါ ကာလတို၊ ကာလလတ်၊ ကာလရှည် လုပ်ငန်းစဉ်များအပေါ် လုပ်ငန်းကော်မတီများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏ လုပ်ငန်းကော်မတီလေးခုမှ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော အစိုးရ/ ပုဂ္ဂလိကကဏ္ဍတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment