နေပြည်တော် နိုဝင်ဘာ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကိုတည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု”၊ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် ဟိုပုံးမြို့ထူးမြတ်အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျောင်းသားလူငယ်များဦးဆောင်သည့် စကားဝိုင်းကို ကျင်းပသည်။
အဆိုပါစကားဝိုင်းများတွင် ကျင့်ဝတ်နှင့်ညီသည့်ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏အဓိပ္ပာယ်၊ သဘောသဘာဝနှင့် ဆိုးကျိုးသက်ရောက်မှုများ စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍လည်းကောင်း ကျောင်းသား ကျောင်းသူများကဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)နှင့် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)တို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment